London လိုမြို့ကြီးမှာပွင့်လန်းနေတဲ့ နှင်းဆီပန်းလေးတစ်ပွင့်ကို ပန်ဂျာဘီလိုမျိုး အိန္ဒိယတောရွာလေးမှာ ပြောင်းစိုက်ပြီး ရှင်သန်ဖို့မျှော်လင့်နေရသလိုပါပဲ။
နှင်းဆီပန်းလေးသေသွားမလား ရှင်သန်နိုင်မလား..
London မြို့ကြီးမှာမွေးဖွားကြီးပြင်းလာပြီး ခေတ်အခေါ်လိုမျိုး ဘိုစိတ်ဝင်နေတဲ့ Jazz တစ်ယောက် အတွေးထဲ သတို့သားလောင်းကလည်း ရုပ်ချောချော London သားမှ ဖြစ်နေတဲ့အခါ
ရိုးရာမဖျက်ချင်တဲ့ အဖေဖြစ်သူက မွေးရပ်မြေဖြစ်တဲ့ ပန်ဂျာဘီရွာလေးကို တစ်ဖက်လှည့်ခေါ်လာပြီး English စာတောင်မပြောတတ်တဲ့ Arjun နဲ့ လက်ထပ်ပေးဖို့ကြိုးစားတဲ့နောက် London သူလုံးလုံးဖြစ်နေတဲ့ Jazz တစ်ယောက် ရှေးဆန်တဲ့မိသားစုကို ဘယ်လိုပုန်ကန်မလဲ…. London မှာ ကျန်ခဲ့တဲ့ အင်္ဂလန်သား ချစ်သူရယ် သူမနဲ့ ရိုးရာအရ လက်ထပ်ထားတဲ့ Arjun တို့နှစ်ယောက်
ဘယ်လိုပြိုင်ဆိုင်မှုတွေနဲ့ Jazz အချစ်ကိုရအောင် ယှဉ်ပြိုင်ရင်းအချစ်နဲ့ ဘာသာတရားကြားက အားပြိုင်မှုတွေကို လည်းတွေ့ရမှာဖြစ်ပြီး နိုင်ငံအချို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဗဟုသုတတွေလည်းရပါတယ်..
Arjun ရဲ့ အချစ်ကိုဖော်ကျူးတဲ့စကားတွေကလည်း romantic ဆန်လွန်းလှပြီး ပကာသနတွေမပါပဲ ဘယ်လိုမျိုးအချစ်ကိုသတ်မှတ်ထားလည်းဆိုတာကတော့…။





