MMA နဲ့သက်ဆိုင်တဲ့ ဝေါဟာရ

MMA = Mixed Martial Arts (သိုင်းပါင်းစုံ)
Mixed ရောနှောထားသော
Martial Arts သိုင်းပညာရပ်များ

Strawweight 
Flyweight 
Bantamweight 
Featherweight 
Lightweight 
Welterweight 
Middleweight (အောင်လရဲ ့ဝိတ်တန်း)
Light heavyweight 
Heavyweight 
စတရော ဝိတ်အတန်း (115ပေါင်=52.2ကီလို)
ဖလိုင်းဝိတ် အတန်း (125ပေါင်=56.7ကီလို)
ဘင်တန်ဝိတ် အတန်း (135ပေါင်=61.2ကီလို)
ဖယ်တာဝိတ် အတန်း (145ပေါင်=65.8ကီလို)
လိုက်ဝိတ် အတန်း (155ပေါင်=70.3ကီလို) 
ဝယ်သာဝိတ် အတန်း (170ပေါင်=77.1ကီလို)
မစ်ဒယ်လ်ဝိတ် အတန်း(185ပေါင်=83.9ကီလို)
လိုက်ဟဲဗီးဝိတ် အတန်း (205ပေါင်=93ကီလို)
ဟဲဗီးဝိတ် အတန်း (265ပေါင်=120.2ကီလို)

Octagon Cage အနား ၈နားပါသောသံဇကာ
Cage သံဇကာ
Ring ကြိုးဝိုင်း
Title ချန်ပီယံဘွဲ့
Strap ခါးပတ်
Belt ခါးပတ်
Interim belt ယာယီ ချန်ပီယံခါးပတ်(ချန်ပီယံနာနေလျှင် ကျန်သည့် အရည်သွေးမှီ ဖိုက်တာ၂ယောက် ယာယီချန်ပီယံခါးပတ်လုရသည်)
Rank အဆင့်
Title challenger ချန်ပီယံကို စိန်ခေါ်သူ
Main event ခေါင်ပွဲ
Co main event ခေါင်ပွဲမတိုင်မှီ ဒုတိယခေါင်ပွဲ
Preliminary ပွဲကြီးများမလာခင်ထိုးသော အစောပိုင်းပွဲငယ်များ
Bout ထိုးသတ်ပြိုင်ပွဲ (Preliminary ပွဲများမပါသော ပွဲကြီးများ)
PPV (Pay Per View) ပွဲစဉ်ကြီးတစ်ပွဲစာလုံး(တွဲဆိုင်း ၁၀ဆိုင်းနဲ့အထက်) ကို ဝယ်ကြည့်ခြင်း

Reach ခြေတံလက်တံ အရှည်
Reach Advantage ခြေတံလက်တံ အရှည်တွင် ပြိုင်ဖက်ထက် အသာရခြင်း
Guillotine choke ခေါင်းဖြတ်အချုပ် ချုပ်ကွက်
Refree ဒိုင်လူကြီး
Cage side Judges သံဇကာအပြင်မှ အမှတ်ပေးသည့် ဒိုင်လူကြီး(3 ဦးရှိ)
Unanimous Decision (UD)အမှတ်ပေးဒိုင်၃ဦးလုံး အနိုင်ပေးသော ဆုံးဖြတ်ချက်
Split Decision ၂မဲ ၁မဲဖြင့် ပွတ်ကာသီကာ အနိုင်ရသော ဆုံးဖြတ်ချက်
Knockout (KO) အလဲထိုးအနိုင်ရသည် (ပြိုင်ဖက်က မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလုံးဝမရှိ တော့လျှင်)
Technical Knockout (TKO) ဒိုင်တား(ပြိုင်ဖက်က မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသေးသော်လည်း မကာကွယ်နိုင်တော့လျှင်)
Refree stoppage ပြိုင်ဖက်က မိမိကိုယ်မိမိ မကာကွယ်နိုင်တော့သဖြင့် ဒိုင်တားလိုက်ခြင်း
No contest ၂ဦးလုံး မနိုင် မရှုံး ပွဲပျက်
BJJ Brazilian Jiu Jit Su ဂျူဒိုမှ ဆင်းသက်လာသော ဂျူဂျစ်ဆုအချုပ်သိုင်း
Judo ကိုင်ပေါက်ပြီး ချုပ်သော ဂျူဒိုသိုင်း
Muay Thai ထိုင်းလက်ဝှေ ့
Karate ဂျပန်ကရာတေးသိုင်း
Boxing လက်သီးအထူးပြု လက်ဝှေ ့
Striking တိုက်စစ်ထိုးသည်
Submission အရှုံးပေးသည်
Grappling နပန်းလုံးခြင်း
Wrestling နပန်းလုံးခြင်း
Takedown ပြိုင်ဖက်ကို မြေပြင်သို့လှဲချသည်
Double leg ခြေ ၂ ဖက်လုံး ဖမ်းဆွဲကာ ပြိုင်ဖက်ကို မြေပြင်သို့လှဲချသည်
single leg ခြေ ၁ ဖက်တည်း ဖမ်းဆွဲကာ ပြိုင်ဖက်ကို မြေပြင်သို့လှဲချသည်
Elbow strike တံတောင်ရိုက်ခြင်း
Flying knee strike ဒူးပျံတိုက်ခြင်း
Knee bar ခြေထောက်အချုပ် ချုပ်ကွက်
Kimura choke လက်တစ်ဖက်ကို ခေါက်ချိုးအချုပ် ချုပ်ကွက်
Rear naked choke နောက်မှနေကာ ပြိုင်ဖက်အား လည်ပင်းညစ်ချုပ်သည့် အချုပ်
Triangle choke လက်မောင်းတစ်ဖက်+လည်ပင်း ကိုပေါင်းချုပ်လိုက်သောချုပ်ကွက်
Roundhouse kick ပုံမှန်ခြေကန်ချက်ပြင်း
Side kick ဘေးတစောင်းကန်ချက်
Low kick ခြေထောက်အောက်ပိုင်းကိုသာ ကန်သော ကန်ချက်
Southpaw ဘယ်သန်
Orthodox ညာသန်
Standup fighting ရပ်တိုက်
Tap out အရှုံးပေးကြာင်း လက်ပုတ်သည်
Body shot မျက်နှာမထိုးပဲ ခန္ဓာကိုယ်ကို အဓိက ထိုးသည်။

Mounted Position လှဲနေသောပြိုင်ဖက်၏ ဗိုက်ပေါ်ဖိထိုင်ကာ မျက်နှာချင်းဆိုင် အခြေအနေ
Guard ကာကွယ်သည်
Half guard ပြိုင်ဖက်က မိမိလက်ခြေတစ်ဖက်ကိုတစ်ဝက်ဖိချုပ်ထားပြီး မိမိက အခြားလက်ခြေတစ်ဖက်တည်းဖြင့် ကာကွယ်ခြင်း
Head butt ခေါင်းတိုက်သည်
Eye gouge....Eye poke မျက်လုံးနှိုက်သည်
Clinch ပြိုင်ဖက်ခေါင်းကို မိမိလက်နှစ်ဖက်ဖြင့်ဆွဲချုပ်ဖမ်းထားပြီး ဒူးဖြင့် မျက်နှာကို တိုက်ခြင်း
Ground and Pound မြေပြင်တွင် လှဲနေသောပြိုင်ဖက်အပေါ်မှ ခွထိုင်ကာ စိတ်ရှိလက်ရှိ ထိုးသတ်ခြင်း
Pound for Pound fighter ဝိတ်သာတူပါက ပြိုင်ဖက်မရွေးသော ဖိုက်တာ
Stacked Card ပွဲကောင်းမြောက်များစွာဖြင့် ပြည့်နှက်နေသော ပွဲကြီး
Fight card ထိုးပွဲ ပွဲစဉ်ကြီးတစ်ပွဲလုံး
Round 1 Round 2 Round 3 ပချီ ဒုချီ တချီ
Put on a show စပါယ်ရှယ် ထိုးသတ်ပြသည်။
Rival ပြိုင်ဖက်
Opponent ပြိုင်ဖက်
Bitter Rival ခါးသီးသော ပြိုင်ဖက်
Punch လက်သီးထိုးသည်
Jab လက်သီးထိုးသည်
Superman Punch
Upper cut ပြိုင်ဖက်မေးရိုးအောက်ကို အားပါပြင်းထန်စွာ လက်သီးပင့်ထိုးသည်
Hook ဝိုက်လက်သီး 
right hook ညာဝိုက်လက်သီး
Cross အားပါပြင်းထန်သာ လက်သီးဖြောင့်ထိုးချက်
Spinning back kick နောက်ပြန်ကန်ချက်
Spinning back fist ပန်ကာလည်သလို ခန္ဓာကိုလှည့်ကာ နောက်ပြန်လက်သီး လွှဲယမ်းသော ထိုးကွက်

Take him to deep water ပြိုင်ဖက်ကို ကလေးနှင့်လူကြီးချသကဲ့သို့ ပညာအသာဖြင့် မညှာမတာ ထိုးပေးခြင်း
Underdog နိုင်ခြေနိမ့်သူ
Inaugural Champion ဝိတ်တန်းတစ်တန်းတွင် စပြိုင်စဉ်ကတည်းက လက်ရှိအချိန်ထိ တစ်ဦးထဲကသာ ချန်ပီယံဖြစ်နေခြင်း
Undisputed Champion မိမိအောက်မှာ Interimယာယီချန်ပီယံမရှိပဲ မိမိသည်သာ ချန်ပီယံဖြစ်နေခြင်း
Champion မိမိသည် ချန်ပီယံဖြစ်နေသော်လည်း မိမိအောက်မှာ Interimယာယီချန်ပီယံတစ်ယောက်လည်းရှိနေခြင်း(တစ်ဂူထဲ ခြင်္သေ့၂ကောင် အောင်းခြင်း)
Interim Champion (ချန်ပီယံက အကြောင်းအမျိုးမျိုးကြောင့် နားနေရလျှင် ကျန်သည့် အရည်သွေးမှီ ဖိုက်တာ၂ယောက်က ယာယီချန်ပီယံခါးပတ်လုရပြီး နိုင်သောသူသည် ယာယီချန်ပီယံဖြစ်လာသည်။
Reigning and defending ချန်ပီယံဘွဲ့အုပ်စိုးခြင်းနှင့်ကာကွယ်ခြင်း
Game plan ထိုးပွဲတစ်ပွဲကို နိုင်အောင်ထိုးဖို့အစီအမံချမှတ်ထားခြင်း
Glass Jaw ထိုးလိုက်သည်နှင့် အလဲအကွဲဖြစ်သော မေးရိုး (လက်သီးချက်မခံနိုင်သော မေးရိုး)
Feint ဟန်လုပ်သည်(ဘယ်ဖက်ထိုးမည့်ဟန်ပြကာ ညာဖက်ထိုးသည်)
Outbox ပြိုင်ဖက်ကို ဘောက်ဆင်ပညာပိုင်း အပြတ်အသတ်အသာဖြင့် အနိုင်ယူထိုးသတ်သည်
Outwrestle ပြိုင်ဖက်ကို နပန်းပညာပိုင်း အပြတ်အသတ်အသာဖြင့် အနိုင်ယူထိုးသတ်သည်
Outclass ပြိုင်ဖက်ကို ပညာပိုင်း အပြတ်အသတ်အသာဖြင့် အနိုင်ယူထိုးသတ်သည်
Out cold အပြင်းအထန်အလဲထိုးခံရကာ မထနိုင်ဖြစ်သွားသည်။

#crd Original