Journey to the West 1986  

အနောက်သို့ ခရီးသွားခြင်းမှတ်တမ်းကို ရှီးယိုကျိ (西遊記) ဟုခေါ်သည်။ တရုတ်အသံထွက်စံနစ်ဖြင့်ရေးလျှင် Xi (西) အနောက်ဘက်၊ You (遊) ခရီးသွားခြင်း၊ Ji (記) မှတ်တမ်းဟု အဓိပ္ပာယ်ရပါသည်။ ယင်းသည် ကျော်ကြားသော တရုတ်ဂန္ထဝင်ဝတ္တုကြီး ၄ ပုဒ် သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ (三國演義)၊ အနောက် သို့ ခရီးသွားခြင်းမှတ်တမ်း(西遊記)၊ စိမ့်တောမြေမှ ဇာတ်လမ်း (သို့) စိမ့်တောမြေမှ ဝရမ်းပြေးများ (水滸傳)၊ ”ခန်းဆောင်နီအိပ်မက်” (紅樓夢) တို့ထဲက ဝတ္ထုဖြစ်ပြီး ဤဂန္ထဝင်ဝတ္ထုကြီးက ပို၍လူသိများသည်ဟု ဆိုရ ပါမည်။ စာရေးဆရာ မြသန်းတင့်က ခန်းဆောင်နီအိပ်မက်ဝတ္ထုကို မြန်မာဘာသာသို့ပြန်ဆိုခဲ့သည်။


အနောက်သို့ခရီးသွားခြင်းမှတ်တမ်းကို ဒဏ္ဍာရီပုံစံဖြင့် တင်ပြထားသော်လည်း ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားမှု ရေစီးကြောင်းကို သုတေသနပြုရာ၌ ဤဝတ္ထုသည် လွန်စွာအရေးပါသော သမိုင်းအထောက်အထားတစ်ခု ဖြစ်နေသည်။ ထန်မင်းဆက်ကာလ ရှေးခေတ် တရုတ်ပြည်သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိလာပုံနှင့် ရဟန်းတော် ရွှင်ကျန်း (玄奘) အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံအား သွားရောက်ပင့်ဆောင်ခြင်း ဖြစ်စဉ် (အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း) နှင့် အခိုင်မာ ဆက်စပ်နေသော ဘာသာရေးဆိုင်ရာ မှတ်တမ်းကြီး ဖြစ်၏။

ထို့ကြောင့် ဤအနောက်သို့ခရီးသွားခြင်းဝတ္ထုသည် (၂၀) ရာစု အစောပိုင်းကာလကပင် နိုင်ငံခြားဘာသာ အတော်များများဖြင့် ကမ္ဘာ့စာပေစင်မြင့်ပေါ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ၎င်းသည် ဝတ္ထုပုံစံဖြင့် အောင်မြင်မှု ရခဲ့သလို အခြားအနုပညာ တင်ဆက်မှုများဖြစ်သော ပြဇာတ်၊ တေးဂီတအော်ပရာ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများဖြင့်လည်း အနောက်သို့ခရီးသွားခြင်းဇာတ်လမ်းကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဖန်တီး ဖော်ထုတ်ပြသခဲ့ကြသည်။

သို့ရာတွင် ထိုစဉ်က ရုပ်ရှင်လုပ်ငန်းသည် အနောက်သို့ ခရီးသွားခြင်းဝတ္ထုကို အစမှအဆုံး ရိုက်ကူးတင်ပြရန် မစွမ်းသာခဲ့ပေ။ ထို့ကြောင့် ဝတ္ထုဇတ်လမ်းထဲက အခန်းတစ်ခန်းဖြစ်သော "ငှက်ပျောရွက် ယပ်တောင်" () ကို သာ ရိုက်ကူးတင်ဆက်ခဲ့သည်။ လုံးဝမပြည့်စုံငြားလည်း ဇာတ်လမ်းကို ခြုံငုံမိ၏။ စွန်းဝူခုန်း (孫悟空) (ဟံနုမာန်မျောက်)၏ ဇာတ်သရုပ်ကို ပေါ်လွင်အောင် တင်ပြနိုင်ခဲ့သည်။ စွန်းဝူခုံးသည် အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း၏ အဓိကဇာတ်ဆောင်ဖြစ်ပြီး ဇာတ်အိမ်တစ်ခုလုံး၏ အသက်ဖြစ်နေခြင်းကြောင့် "အနောက်သို့ခရီးသွားခြင်းမှတ်တမ်း" နေရာတွင် စွန်းဝူခုံးမှတ်တမ်းဟု အမည်ပေးလျှင်ပင် ရနိုင်ကောင်းသော အကြောင်းရှိသည်။

JourneytotheWest.jpg

ဇာတ်လမ်း အကျဉ်းသဘောမှာ ဇာတ်လိုက်ကြီးစွန်းဝူခုန်းသည် ရဟန်းတော် (ထန်ဆင်း) (唐僧 သို့ 唐三藏) အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ သွားရောက်ပင့်ဆောင်သောအခါ ရဟန်းတော် (ထန်ဆင်း)၏ လုံခြုံရေးအတွက် နောက်လိုက်နောက်ပါအဖြစ် တာဝန်ထန်းဆောင်ရသူဖြစ်ပြီး စွန်းဝူခုန်းအား ယင်းတာဝန်အပ်နှင်းပေးခဲ့သူမှာ ကွမ်ရင်မယ်တော် (觀世音) ဖြစ်၏။ ထန်ဆန်း၏ အသားကို စားပါက မသေဆေးစားသကဲ့သို့ စွမ်းသောကြောင့် ထန်ဆန်းကို အလုအယက် လိုချင်နေကြ၍ စွမ်းဝူခုန်းအား ထန်ဆန်းကို အကာအကွယ် ပေးရန် စေလွှတ်ခြင်းဖြစ်သည်။

စွန်းဝူခုန်း ပို၍အောင်မြင်ခဲ့သည်မှာ (၂၀)ရာစုနှောင်းပိုင်းကာလ ၁၉၈၀ ခုနှစ်များထိဖြစ်သည်။ ထိုအချိန်က တရုတ်ပြည်တစ်ဝှမ်းတွင် ရုပ်မြင်သံကြား ခေတ်ကြီးတစ်ခေတ် ထွန်းကားနေချိန်လည်းဖြစ်၏။ တရုတ်ပြည်သူ လူထုသည် ရုပ်သံစက်များကို လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ကြပြီဖြစ်၍ ရုပ်သံဇာတ်လမ်းတွဲများကိုလည်း တစ်ဝကြီး ကြည့်ရှု့ခံစားနိုင်ကြပြီဖြစ်၏။ ယင်းအခွင့်အလမ်းကို အမိအရယူ၍ စွန်းဝူခုန်းသည် ရုပ်သံပေါ်သို့ ခုန်ဝင်လာတော့သည်။

အနောက်သို့ခရီးသွားခြင်း ဝတ္ထုဇာတ်လမ်း မည်မျှပင် ရှည်လျားသည်ဖြစ်စေ ရုပ်သံသည် အခန်းဆက် တင်ပြနိုင်၏။ ထို့ကြောင့် ဝူခုန်း၏ပရိတ်သတ်သည် နေ့စဉ် အချိန်ကိုက် တီဗွီဖန်သားပြင်ရှေ့သို့ အလုအယက် ရောက်လာကြသည်မှာ တစ်လနီးပါးကြာ၏။ တစ်နေ့ပြီးတစ်နေ့ ပရိတ်သတ်၏အာရုံကို ဖမ်းယူနိုင်ခဲ့သူမှာ ဝူခုန်းပင်ဖြစ်၏။

ဝူခုန်းသည် မျောက်ဖြစ်၏။ မျောက်၏ဇာတ်သရုပ်ကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် မြန်မာ့ ရုပ်သံပရိသတ်များကလည်း အထူးနှစ်ခြိုက်အားပေးခဲ့ကြပြီး မျောက်ကား သို့မဟုတ် စွန်းဝူခုန်းကား ဟု အလွယ်တကူ ခေါ်ဝေါ်ကြသည်။ ရုပ်သံအခန်းဆက် ဤမျှအောင်မြင်နိုင်ခဲ့သည့် အကြောင်းရင်းမျာ ရှေးဟောင်းဂန္ထဝင်ဝတ္ထုကြီးကို ခေတ်နှင့် အံဝင်ဂွင်ကျဖြစ်အောင် စီစဉ်တင်ပြနိုင်ခဲ့သော ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတို့ကို လွန်စွာ ချီးကျူးသင့်ပေသည်။

ဘာသာရေးဆိုင်ရာ အကြောင်းအရာတစ်ရပ်ကို လူမျိုးမရွေး၊ ဘာသာမရွေး နှစ်သက်ခံစားကြည့်ရှုနိုင်အောင် ဖန်တီးမှုသည် လွယ်ကူသော Idea စိတ်ကူး တစ်ရပ်မဟုတ်ပေ။ ဆန်းသစ်သော၊ ကွဲပြားခြားနားမှုရှိသော အသစ်တီထွင်မှုတစ်ရပ်ဟုဆိုရပါမည်။ အထူးသဖြင့် သရုပ်ဆောင်မှုအပိုင်းကို ခေတ်မျက်စိဖြင့် ကြည့်နိုင် အောင် တင်ဆက်သည်။ ဒဏ္ဍာရီကို တကယ့်အသွင်ဖြစ်အောင် လှုပ်ရှားပြသည်။ ယင်းအသက်ဝင်သော ပြကွက်များက တရုတ်နိုင်ငံတစ်ခုတည်းကိုသာမက အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုနယ်ပယ်ထဲသို့ ကူးဝင် သွားပြီး ကမ္ဘာ့ပရိတ်သတ်က လှိုက်လှဲစွာ ကြိုဆိုခဲ့ပေသည်။

အနောက်သို့ခရီးသွားခြင်း ရုပ်သံဇာတ်လမ်းတွဲ၏ အခြားဆန်းသစ်မှုတစ်ခုမှာ တေးဂီတဖန်တီးမှု အတတ် ပညာပင် ဖြစ်သည်။ ရှေးဟောင်းဘာသာရေး ဂန္ထဝင်ဇာတ်အိမ်ကြီးကို ခေတ်ပေါ်တေးဂီတသံစဉ်များဖြင့် ပေါင်းစပ်တည်ဆောင်ပေးခြင်းသည် ရဲဝံ့မှုတစ်ခုဟု ဆိုရပါမည်။ ဇာတ်ဝင်ခန်းသံစဉ်များသည် ခေတ် ပရိတ်သတ်၏ နားအာရုံကို ရွှင်မြူးစေသည်မှာ အမှန်ပင်ဖြစ်၏။

ဤသို့သော အကြောင်းများကြောင့် အနောက်သို့ခရီးသွားခြင်း (ရှီးယိုကျီ)သည် ရုပ်သံဇာတ်လမ်းတွဲခေတ်၌ ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံးနှင့် အောင်မြင်မှုအရဆုံးဖြစ်ခဲ့ပေသည်။ အမှန်တော့ အနောက်သို့ ခရီးသွား ခြင်း ဂန္ထဝင်ဝတ္ထုသည် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်၏။ ဗုဒ္ဓယဉ်ကျေးမှု အနုပညာတစ်ရပ်အသွင်ဖြင့် ဤနှယ်အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဂုဏ်ယူဖွယ်ကိစ္စတစ်ရပ် ဟု ဆိုရပါမည်။ Credit:wikipedia

Watch Video

 

 

အပိုင်း(၂)

 

 

အပိုင်း(၃)

 

 

အပိုင်း(၄)

 

 

အပိုင်း(၅)

 

 

အပိုင်း(၆)

 

 

အပိုင်း(၇)

 

 

အပိုင်း(၈)

 

 

အပိုင်း(၉)

 

 

အပိုင်း(၁၀)

 

 

အပိုင်း(၁၁)

 

 

အပိုင်း(၁၂)

 

 

အပိုင်း(၁၃)

 

 

အပိုင်း(၁၄)

 

 

အပိုင်း(၁၅)

 

 

အပိုင်း(၁၆)

 

 

အပိုင်း(၁၇)

 

 

အပိုင်း(၁၈)

 

 

အပိုင်း(၁၉)

 

 

အပိုင်း(၂၀)

 

 

အပိုင်း(၂၁)

 

 

အပိုင်း(၂၂)

 

 

အပိုင်း(၂၃)

 

 

အပိုင်း(၂၄)

 

 

အပိုင်း(၂၅)

 

 

အပိုင်း(၂၆)

 

 

အပိုင်း(၂၇)

 

 

အပိုင်း(၂၈)

 

 

အပိုင်း(၂၉)

 

 

အပိုင်း(၃၀)

 

 

အပိုင်း(၃၁)

 

 

အပိုင်း(၃၂)

 

 

အပိုင်း(၃၃)

 

 

အပိုင်း(၃၄)

 

 

အပိုင်း(၃၅)

 

 

အပိုင်း(၃၆)

 

 

အပိုင်း(၃၇)

 

 

အပိုင်း(၃၈)

 

 

အပိုင်း(၃၉)

 

 

အပိုင်း(၄၀)

 

 

အပိုင်း(၄၁)

 

 

မူရင်းလင့်