Dark side ဆိုတာ လူတိုင်းနီးပါးမှာ ကိုယ်စီ ရှိကြပါတယ်။
အကြောင်းပြချက်တွေ ကိုယ်စီနဲ့အတူ ကိုယ့်ရဲ့ Dark side ကို ဘယ်သူကမှ လူသိ မခံချင်ဘူး။ တကယ်တော့ လူတွေ သိနေဖို့လည်း မလိုအပ်ဘူး။
ဒါက မှားယွင်းချက် တခု ဖြစ်နေနိုင်သလို အားနည်းချက် အကြီးကြီး တခုခုလည်း ဖြစ်နိုင်တယ်။ ပြန်ပြောရင်လည်း နာကျင်စရာ ကောင်းလှတဲ့ အဖြစ်အပျက် တခုခု ဖြစ်နေနိုင်တယ်လေ။
လူတယောက်စီမှာ Dark side ကိုယ်စီ ရှိနေတတ်တာဟာ ဘာမှ အဆန်းတကျယ် မဟုတ်ဘူး။ အပြစ်ကြီး တခုလည်း မဟုတ်ပါဘူး။
သို့သော် လူတယောက်ရဲ့ Dark side ကို တခြား တယောက်ယောက်က အကြောင်း တခုခုကြောင့် သိချင်သိနေနိုင်တတ်လေ။
အဲဒီလို သိနေရတာကြီးကို နိုင်ကွက်တခုလို အသုံးချတာမျိုးတွေ၊ တဘက်သားရဲ့ Dark side ကိုမှ လူပုံအလယ်မှာ ထုတ်ပြောရတာကို အရသာ ခံတတ်သူတွေဟာ တကယ်တော့ လူ့အောက်တန်းစားတွေပဲ။
လူဆိုတာသူစည်း ကိုယ့်စည်း ထားရတယ်လေ။
ဥပမာ: ဟိုအရင်က ဆက်ဆံရေး အဆင်ပြေ ရင်းနှီးခဲ့သူ တယောက်ယောက် နောင်တချိန်မှာ အကြောင်းတခုခုကြောင့် အဆင်မပြေတော့တဲ့အခါ ကိုယ့်ကို ယုံလို့ သိခွင့်ပေးခဲ့တဲ့ အဲဒီလူရဲ့ ကိုယ်ရေးကိုယ်တာ Dark side တွေကို တခြားသူကို ဘာအကြောင်းကြောင့်မှ ဘယ်တော့မှ မပြောတဲ့ စည်းပဲ။
အခုတော့လည်း လူတကာရဲ့ Dark side တွေကို လူမှုမီဒီယာ ပေါ်မှာ ဖော်ထုတ် ဖွင့်ချပြီး ကိုယ်ကျိုးရှာသူကရှာ၊ အဲဒီလူကိုမှပဲ ဟီးဟီးဟားဟားနဲ့ သွားရောပြီး နသားပါရားတွေ သွားလုပ်သူတွေက လုပ်ကြ။ ရွံဖို့ အင်မတန် ကောင်းတယ်။
***
#ကလိုစေးထူး

