တက္ကသိုလ်တစ်ခုက ဟောပြောပွဲတစ်ခုမှာ ရိုးရှင်းတဲ့ ကိန်းဂဏန်း ကစားနည်းကိုဟောပြောသွားတယ်။

   အဲ့ဒီကစားနည်းက ၁ × ၁ ဖြစ်တယ်။
  ၁ × ၁ ကို ၁၀ ကြိမ်မြှောက်ရင်အဖြေဘယ်လောက်ရသလဲ။ ရှင်းပါတယ် အဖြေက ၁ ပဲဖြစ်တယ်။
         ဒါပေမယ့် ၁.၁ × ၁.၁ ကို ၁၀ ကြိမ်မြှောက်ရင် အဖြေဘယ်လောက်ရသလဲ။ အဖြေက ၁ × ၁ လောက်မလွယ်တော့ဘူး။ ကျောင်းသားတစ်ချို့က ၁၀ လို့ဖြေကြတယ်။ တချို့က ၈ လို့ဖြေကြတယ်။ တကယ့်အဖြေမှန်က ၂.၈၅ ဖြစ်တယ်။
       ဝ.၉ ကို ၁၀ ကြိမ်မြှောက်ကြည့်ပါ။ 
      အဖြေဘယ်လောက်ရသလဲ။
       တချို့က ဝ.၈ လို့ဖြေတယ်။ တချို့က ဝ.၇ လို့ဖြေတယ်။ ကိုယ်တိုင်ချတွက်ကြည့်ပါ။ ဒါမှအဖြေကို သင်မှတ်မိလိမ့်မယ်။ တကယ့် အဖြေမှန်က ဝ.၃၁ ဖြစ်တယ်။
 
      တကယ်လို့ နေ့တိုင်း နည်းနည်းလေးစီ ကြိုးစားကြည့်မယ်။ ပြုပြင်မယ် အခြေအနေကို ဖြည်းဖြည်းချင်းတိုးတက်အောင်လုပ်မယ် ဆိုရင် အဲ့ကြိုးစားမှုက တိုးသွားမယ်။ ဥပမာ ( ၁.၁ ကို ၁၀ ကြိမ်မြှောက်ကြည့်သလို
၁.၁ × ၁.၁ × .........= ၂.၈၅ အဖြစ်တိုးသွားမယ်)

         တကယ်လို့ နေ့တိုင်း နည်းနည်းပျင်းမယ်။ နည်းနည်း အချောင်ခိုမယ်။ ဇွဲ လုံ့လကို လျော့မယ်ဆိုရင် ရလဒ်က ယုတ်လျော့သွားမှာဖြစ်တယ်။ ဥပမာ (ဝ.၉ ကို ၁၀ ကြိမ်မြှောက်ကြည့်သလို ဝ.၉ × ဝ.၉×.....= ဝ.၃၁ အဖြစ်လျော့သွားမယ်)

        လူတစ်ချို့က သူတို့ဘဝထဲ " ဇွဲလုံ့လ" "အကောင်းမြင်ခြင်း" "တည့်မတ်ခြင်း" "အရှုံးမပေးခြင်း" စတဲ့ကိန်းတွေကိုပေါင်းထည့်ကြတယ်။ ပြီးတော့ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းနိင်ဖို့ နည်းနည်းချင်းဆတိုးပြီးကြိုးစားတယ်။ ဒီလိုလူတွေရဲ့ ရလဒ်က ကြာလေ တိုးပွားလေဖြစ်တယ်။ 
          ဒါပေမယ့် လူတစ်ချို့က ပျင်းရိခြင်း နောက်ဆုတ်ခြင်း အကောင်းမမြင်ခြင်း စတဲ့ကိန်းတွေကို သူတို့ဘဝထဲ ထည့်နုတ်သွားတယ်။ ရည်ရွယ်ချက်ပန်းတိုင်မရှိပဲ နေရာမှာတင် တဝဲဝဲလည်ရင်း သူတို့တန်ဖိုးကို လျှော့ချကြတယ်။
          ပျော်ရွှင်နှစ်သက်စရာကောင်းတဲ့ ဘဝကို ပိုင်ချင်ရင် တကယ့်တက်တက်ကြွကြွလုပ်ဆောင်မှရတယ်။ အကောင်းမြင်စိတ်တွေနဲ့လဲမှရတယ်။
         ၁ × ၁ က ဘယ်နှစ်ကြိမ်မြှောက်မြှောက် ရလဒ်က မပြောင်းလဲဘူး။
        ၁.၁ × ၁.၁ လိုနေ့တိုင်း ဝ.၁ လေးပဲ ပြုပြင်မယ်။ သင်ယူမယ်။.ကြိုးစားသွားမယ်ဆိုရင် ရလဒ်က တိုးပွားသွားမယ်။
         ဝ.၉ × ဝ.၉ လိုနေ့တိုင်း ဝ.၁ လေးပဲ အချောင်ခိုမယ်။ ပျင်းရိမယ်။ ကြိုးစားမှုကိုလျော့ချမယ်ဆိုရင် ဆုံးရှုံးမှုတွေက မသိမသာများလာပြီး နောက်ဆုံးမှာ တိုးတက်ချင်စိတ်ပါပျောက်သွားနိင်တယ်။
 
   ၁.၁ ကို ၁၀ ခါမြှောက်လို့ရလာတဲ့တန်ဖိုး ၂.၈၅ က
ဝ.၉ ကို ၁၀ ခါမြှောက်လို့ရလာတဲ့တန်ဖိုး ဝ.၃၁ ထက် ၉ ဆနီးပါးကွာတယ်။ ၁၀ ရက်အတွင်း ဒီလောက်ပြောင်းလဲရင် နှစ်နဲ့ချီကြာရင် ဘယ်လိုဖြစ်သွားနိင်မလဲ။

     ၁.၁ × ၁.၁ လို နေ့တိုင်း နည်းနည်းလေးစီ သင်ယူပြုပြင်ပြီး ကြိုးစားသွားရင် အောင်မြင်မှုဆီ သင် မလွဲမသွေ အရောက်လှမ်းနိင်မှာဖြစ်ပါတယ်။



Credit: နိင်းနိင်းစနေ