ဝါကျဖွဲ့နည်းအမျိုးမျိုး
ဝါကျဖွဲ့နည်းနှင့်ပက်သက်၍
(က)ဝါကျရိုး ၊ (ခ)ဝါကျဖြည့်၊
(ဂ) ဝါကျတို၊ ( ဃ)ဝါကျရှည်၊
(င )တိုက်ရိုက်ရေးဝါကျ၊
(စ) တဆင့်ရေးဝါကျ၊(ဆ) သာမန်
ထုတ်ဖော်ပြောဆိုသည့်ဝါကျ၊
(ဇ) အမေးဝါကျ၊ (ဈ) ခွင့်ပန်ဝါကျ၊
(ည)အမိန့်ပေးဝါကျ၊ (ဋ) မဟုတ်
ဝါကျ၊ (ဌ) တားမြစ်ဝါကျဟူ၍
အမျိုးမျိုးရှိလေသည်။
(က) ဝါကျရိုး
>>>>>>>>>>
၁။ လယ်သမားများသည် မျိုးစပါး
ကို ကြဲကြသည်။
၂။ ယုန်သည် လိပ်ကိုရန်စသည်။
၃။ ဥယျာဉ်မှူးသည် သစ်ပင်ကို
ရေလောင်း၏။
(ခ)ဝါကျဖြည့်
>>>>>>>>>>>
၁။ လယ်သမားများသည် မိုးတပြိုက်
နှစ်ပြိုက် ရွာပြီးသောအခါ ပျိုးပင်
များရရှိလေအောင် မျိုးစပါးများ
ကိုု အနှံ့ကြဲကြသည်။
၂။ ယုန်သည် လိပ်ကို သင်အသွား
နှေးသည်လှကို မရှက်လောဟု
လှောင်ပြောင်လျက် မခံချင်အောင်
ရန်စသည်။
၃။ ဥယျာဉ်မှူးသည် မိမိ၏ တာဝန်
တရပ်ဖြစ်သည့်အတိုင်း သစ်ပင်
ကို ကောင်းစွာ ရှင်သန်စေရန်
ရေတွင်းမှ ရေကို ခပ်ယူ၍
လောင်း၏။
( ဂ ) ဝါကျတို
>>>>>>>>>>
၁။မြန်မာနိုင်ငံတွင် တိုင်းရင်းသား
လူမျိုးများပြားလှ၏။
ထိုလူမျိုးတွင် ကရင်လည်းပါ၏။
ကယားလည်း ပါ၏။
ချင်းလည်း ပါ၏။
သူတို့သည် မိမိဒေသ၌ အသီးသီး
နေထိုင်ကြ၏။
အချင်းချင်း ခင်မင်ရင်းနှီးကြ၏။
ထိုလူမျိုးတို့၏ ပြည်နယ်များကို
စုစည်းထား၏။
ထိုနယ်စုပေါင်းသည် ပြည်ထောင်စု
နိုင်ငံပင်ဖြစ်၏။
(ဃ)ဝါကျရှည်
>>>>>>>>>>>>
၁။ မြန်မာနိုင်ငံတွင် ကရင်၊ကယား၊
ချင်းစသော တိုင်းရင်းသား လူမျိုး
များလည်းနေထိုက်လျက်ရှိရာ၊ထို
တိုင်းရင်းသားတို့သည် အချင်း
ချင်းလည်း ခင်မင်ရင်းနှီးကြသည်
သာဖြစ်၍၊ ထိုတိုင်းရင်းသား နယ်
တို့ကို စုစည်းလိုက်သောအခါ
ပြည်ထောင်နိုင်ငံတစ်ခု ဖြစ်ပေါ်
လာ၏။
(င) တိုက်ရိုက်ရေးဝါကျ
>>>>>>>>>>>>>>>>>
• မောင်လှက မောင်မြအား "မင်း
ဒီလိုသာ စာမကျက်ပဲနေရင် စာမေး
ပွဲ ကျလိမ့်မည်" ဟုပြော၏။
မောင်မြက "စာမေးပွဲ ကျလဲ အရေး
မကြီးပါဘူးကွာ" ဟုပြန်ပြော၏။
(စ) တဆင့်ရေးဝါကျ
>>>>>>>>>>>>>>>>
• မောင်လှက မောင်မြအား
အကယ်၍ မောင်မြသည်စာမကျက်
ဘဲနေပါမူ စာမေးပွဲကျလိမ့်မည်ဖြစ်
ကြောင်းကို ပြော၏။
မောင်မြက စာမေးပွဲ ကျသော်လည်း
အရေးမကြီးကြောင်း ပြန်ပြော၏။
(ဆ)သာမန်ထုတ်ဖော် ပြောဆို
သည့်ဝါကျ
>>>>>>>>>>>>>>>>>>
၁။ မောင်လှဈေးသို့သွားသည်။
၂။ ဆရာ ယနေ့ကျောင်းသို့
စောစော လာသည်။
(ဇ) အမေးဝါကျ
>>>>>>>>>>>
၁။ မနေ့က မိုးရွာသလား။
၂။ သူဖျားသလား။
(ဈ) ခွင့်ပန်ဝါကျ
>>>>>>>>>>>>
၁။ ကျွန်တော်ဈေးသို့သွားပါရစေ။
၂။ မောင်လှဖျားနေ၍ တစ်ရက်တာ
ခွင့်ပေးပါ ခင်ဗျား။
(ည) အမိန့်ပေးဝါကျ
>>>>>>>>>>>>>>>>
၁။ မနက်ဖြန်စောစော တောသို့
သွားပါ။
၂။ ကျောက်တက်နောက်မကျရ။
(ဋ) မဟုတ်ဝါကျ
>>>>>>>>>>>>>
၁။ ဤသူငယ်မသည် ကလေး၏
မိခင်မဟုတ်ပါ။
၂။ မနေ့ကကျွန်တော် ဈေးသို့
မသွားပါ။
(ဌ)တားမြစ်ဝါကျ
>>>>>>>>>>>>>
၁။ လမ်းဘေးအမှိုက်မပစ်ရ။
၂။ ရေကန်အတွင်း ရေမကူးရ။
ရေးသားသူ>>>>
ဦးကွန်း၊ ဘီအေ၊ ဘီအီးဒီ
(ယခင်) မြန်မာစာသင်နည်းပြ
ကထိကနှင့် ဌာနမှူး
ပညာရေးမဟာဌာန၊ ရန်ကုန်တက္ကသိုလ်