ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်း လျှို့ဝှက်ချက်
တကယ့် သူဌေး တွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။သူတို့ဟာ ငွေရှာနည်း ကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်း ကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံး၀င်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။
၁။ တကယ်မလိုအပ်တဲ့အရာတွေကို မ၀ယ်ယူမိပါစေနဲ့
တကယ့် သူဌေး တွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက် တကယ်မလိုအပ်တဲ့အရာတွေကို ၀ယ်ယူလေ့မရှိကြပါဘူး။
၂။ အနာဂတ် အတွက် ငွေကြိုစုထားပါ။
ငယ်ရွယ်စဉ်မှာ ငွေ မရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့ နေလို့ မရပါဘူး။ ဒီအတိုင်းပဲ သူဌေး တွေဟာ အနာဂတ် အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။
၃။ ထွက်ငွေ နဲ့ ၀င်ငွေ ကို စာရင်းပြုစုထားပါ။
သူဌေး တွေဟာ ထွက်ငွေ ၊ ၀င်ငွေ စာရင်း ကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမှသာ သုံးစွဲမှု တွေဟာ လိုအပ်လား၊ မလိုအပ်လား ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။
၄။ အလုပ်ကြိုးစားပါ။
သူဌေး မို့လို့ အလုပ်သမား တွေလောက် အလုပ် မလုပ်ဘူးလို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် ကိုယ်ထူးကိုယ်ချွန် သူဌေး တွေကတော့ သူ့ ၀န်ထမ်း တွေထက် ၂ဆလောက် အလုပ် ပိုလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အတွက် အလုပ်ပိုတွင်ကျယ်သလို ငွေကုန်သက်သာစေမှာ အမှန်ပါပဲ။
၅။ စျေးဆစ်ပါ။
သူဌေး တွေမို့လို့ ပစ္စည်း တွေကို စျေးမဆစ်ပဲ ၀ယ်ယူမှာပဲ လို့သင်ထင်နေရင်တော့ မှားသွားပါပြီ။ တကယ်တော့ သူဌေး တွေဟာ သာမန်လူထက် ပိုပြီးတောင် စျေးဆစ်တတ်ကြသေးပါတယ်။
၆။ သန်းကြွယ် သူဌေး ဖော်မြူလာ ကို သုံးပါ။
ရလာတဲ့၀င် ငွေ ထဲကနေ အကျိုးပြုလုပ်ငန်းတွေအတွက် တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။
သင့်လုပ်ငန်းတွေအတွက်လည်း တိကျတဲ့ရာခိုင်နှုန်း ကို ဖယ်ပါ။ ကျန်တာကို သုံးစွဲပါ။
၇။ ငွေယိုစိမ့်မှုတွေကို ပိတ်ပစ်ပါ။
သေးငယ်တဲ့ယိုပေါက်ကလေးတစ်ခုဟာ ကြီးမားတဲ့ သင်္ဘော ကို မြုပ်ပစ်နိုင်တယ်လို့ ဘင်ဂျမင်ဖရန်ကလင်းကတော့ ဆိုလေရဲ့။
ဒီစကားအတိုင်းပါပဲ ချမ်းသာသူ တွေဟာ မလိုအပ်ရင် ငွေကြေး အနည်းငယ်ကိုတောင် မသုံးကြပါဘူး။
အထက်က အချက်တွေဟာ လိုက်လံလုပ်ဆောင်ဖို့ ရိုးရှင်းလွယ်ကူလှပါတယ်။ တတ်နိုင်သလောက် လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်အတွက်အကျိုးရှိလာမှာ ဧကန်ပါပဲ။
Credit to Original Writer

