ပိတ်နေတာတွေ ပွင့်စေမယ့်
နမက္ကာရ ဘုရားရှိခိုး အပွင့် ဂါထာတော်
= = = = = = = = = = = =
အားလုံး အပိတ်အဆို့ အဟန့်အတားများမှ ထိုးဖောက် လွန်မြောက် ပွင့်လင်းကြပါစေ။
ရှင်မဟာ ဗုဒ္ဓ္ဒဃောသ သီဟိုဠ် ပိဋက တိုက် ကို ပွင့်စေခဲ့သော ဂါထာပါ။ နမက္ကာရ ( ၁၀ ) ခုမြောက် ဂါထာပါ။
---------------------------------------
```နမက္ကာရ ဘုရားရှိခိုးဂါထာ´´´
တဟိံ တဟိံ ပါရမီ သဉ္စယံ စယံ
ဂတံ ဂတံ သဗ်ဘိ သုခပ်ပဒံ ပဒံ ။
နရာ နရာနံ သုခ သမ်ဘဝံ ဘဝံ
နမာ နမာနံ ဇိန ပုင်္ဂဝံ ဂဝံ ။
(အသံထွက်)
- တဟိန် တဟိန် ပါရမီ
သင်စယံ စယံ
- ဂတန် ဂတန် သပ်ဘိ
သုခပ် ပဒံ ပဒံ
- နရာ နရာနံ သုခ
သမ် ဘဝန် ဘဝန်
- နမာ နမာနံ ဇိန
ပုန် ဂဝန် ဂဝန် ။
(အဓိပ္ပါယ်)
၁။ ။ ထိုထိုသို့သောကိုယ်တော်၏အဖြစ်၌
ပါရမီအပေါင်းကိုဆည်းပူးတော်မူတတ်ထသော
မြတ်စွာဘုရားကို အကျွန်ုပ်သည် ရှိခိုးပါ၏ဘုရား။
၂။ ။ သူတော်ကောင်းတို့သည်ဆည်းကပ် အပ်သော
ချမ်းသာခြင်း၏အဖို့အစုဖြစ်သောနိဗ္ဗာန်သို့
ရောက်တော်မူထသောမြတ်စွာဘုရားကို အကျွန်ုပ်သည် ရှိခိုးပါ၏ဘုရား။
၃။ ။ လူနတ်တို့၏ချမ်းသာခြင်း၏အကြောင်းကို
ဖြစ်စေတတ်ထသောမြတ်စွာဘုရားကို အကျွန်ုပ်သည် ရှိခိုးပါ၏ဘုရား။
၄။ ။ မရိုညွတ်ကုန်သေးသော
နွားနှင့်တူသော သူမိုက်တို့ကို အောင်တော်မူတတ်သော
ယောက်ျားမြတ်ဖြစ်တော်မူထသော မြတ်စွာဘုရားကို အကျွန်ုပ်သည် ရှိခိုးပါ၏ဘုရား။
(ကျင့်စဉ်)
= = = = =
သက်စေ့(သို့မဟုတ်)
၄၉ ခေါက် (သို့မဟုတ်)
၁၀၈ ခေါက် ပုတီးတစ်ပတ်
ဘုရားရှိခိုးပြီး တစ်ထိုင်တည်းရွတ်ပါ။
" ဂါထာ တစ်ပုဒ်လုံး အစအဆုံးကိုတစ်ဆက်တည်း အသက်အောင့် ရွတ်နိုင်လျင် ပိုကောင်း၏"
(အကျိုး)
အလုပ်အကိုင် စာမေးပွဲ ကြွေးမြီ စသော တရားသောကိစ္စများ အလ်ိုရှိတိုင်းအောင်မြင် ပြီးမြောက်နိုင်သည်။
ပိတ်ပင်တားဆီးခြင်းမှန်သမျှ
ပွင့်စေ အောင်စေ နိုင်စေခြင်းပင်တည်း။
(ဦးစိန်ဦး)

