မာန် . . .
ရေး/ ဆို / တီး ဂီတလုလင်ဦးကိုကို . .
{ မာနတံခွန် မိုးစွန်တိမ်ဖျား ကျော်ကာလွှားသည်
အနုပညာရှင် . . .
လောကမြေပြင် ငါသာလျှင် ငါနဲ့နှိုင်းပါလို့
ငါမပါရင်လေ သြော် ဘယ်ခါမှမဖြစ်ပေဘူး
စနစ်အခြေကိုမလေ့လာ မေ့ကာပလောကဓံအကြောင်
နှောင်းခဲ့တဲ့ပညာရှင်တွေ
ဂုဏ်သတင်းတွေ ထုံသင်းဝေပေမယ့်
ငွေအသပြာ ကုဋေကုဋာ မရေသာရပေမယ့်
မသေချာ လှတဲ့မှတ်တမ်းတွေ
မရေရာလှတဲ့ ဇာတ်လမ်းတွေ
ဂုဏ်သတင်းပျံ့အေး ဘယ်လိုပင်မွှေးပေမယ့်
အနှေးနဲ့အမြန် လောကဓံတရားရဲ့လှည့်စားတမျှတွေ
အဆင်းအတက် အနိမ့်အမြင့် . .
အဆင့်ဆင့်ဖြာဝေ တွေ့ရကြုံရမြဲ မလွဲဓမ္မတာပေ
ဒါတွေကိုသိရက်နဲ့လေ
အဆင်အခြင်တွေကင်းခဲ့ပေ
တစ်နေ့တော့အခြေမလှ မြေခမယ်လေ
မင်းထက်တော်သာ .....မင်းထက်သာတာ
ပေါ်လာဦးမလေ..... အစဉ်အမြဲ သတိကိုစေ
ဘဝပေးကအစစမဟန် .....မရေးချ နသက် မာန်
ထန်ပြင်းတဲ့ မုန်တိုင်းကိုလေ
တစ်နေ့ကျတော့တွေ့ရမယ်လေ
သင်္ခါရကို အစဉ်ထာဝရထင်နေ
အနုပညာခရောင်းမြေ
အသစ်တွေဟောင်းတွေ
အကြောင်းဖွေကြည့်ပါဆွေ . . . . ။
