သင်သိဖို့လိုအပ်မည့် အင်္ဂလိပ် စကားပြော ဥပဒေ ၅ချက်


၁။ အင်္ဂလိပ် grammar ကို အများကြီး မလေ့လာပါနှင့်။

ဒီအချက်ဟာ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် ထူးဆန်းနေပါတယ်။ ဒါပေမယ့် အင်္ဂလိပ် စကားပြော
ရာမှာ အရေးအကြီးဆုံး အချက်ပါပဲ။ သင်စာမေးပွဲအောင်ဖို့ ဆိုရင်တော့ အင်္ဂလိပ် grammar ကိုတတ်ဖို့လိုပါလိမ့်မယ်။ သို့သော် လည်း အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောတတ်ချင်
ရင်တော့အင်္ဂလိပ်စာကိုGrammar မပါပဲ လေ့လာသင့်ပါတယ်။ အင်္ဂလိပ် grammar လေ့လာခြင်းဟာ
 သင့်ကို နှေးကွေးစေပြီး ရှုပ်ထွေးစေပါတယ်။ သင်စာကြောင်းတွေကို တည်ဆောက်တဲ့
အခါမှာ အင်္ဂလိပ် grammar rule တွေကို စဉ်းစား မိတာ မို့လို့ ဖြစ်ပါတယ်။ အမှန်တော့ ကျွန်တော်တို့က အလိုအလျှောက် ပြောတတ်ချင်တာပါ။ Native speaker တွေဟာ အင်္ဂလိပ်grammar ကို ၂၀ ရာခိုင်နှုန်းလောက်ပဲ တတ်ကြပါတယ်။ အင်္ဂလိပ်စာ ကျောင်းသားတွေက english grammar ကို
native speaker တွေထက် ပိုတတ်ကြပါတယ်။

၂။ Phrases တွေကို လေ့လာပါ။

ကျောင်းသားအများစုဟာ စကားလုံးတွေကို ကောင်းမွန်သော စာကြောင်းများ တည်ဆောက်ရာမှာ
ဝေါဟာရအများအပြားကို လေ့လာကြပါတယ်။ဒါပေမယ့် သူတို့ဟာ ကောင်းကောင်းမတည်ဆောက်နိုင်ကြပါ ဘူး။ ဘာကြောင့်လဲဆိုတော့ phrases( အသုံးအနှုန်း) တွေကို မလေ့လာလို့ပါပဲ။ ကလေးတွေ စကားသင်ယူချိန်မှာ သူတို့ဟာ စာလုံးတွေ နဲ့ အသုံးအနှုန်းတွေကို တပြိုင်နက် သင်ယူကြပါတယ်။ သင်အင်္ဂလိပ်စာလုံး ၁၀၀၀ သိရုံ မျှဖြင့် မှန်ကန်သော အင်္ဂလိပ်စာကြောင်းတစ်ခုကို ပြောနိုင်
လိမ့်မည်မဟုတ်ပါ။ သို့သော်..phrase တစ်ခုကို သိရုံ မျှဖြင့် မှန်ကန်သော စာကြောင်း ၁၀၀၀ ကို သင်ပြုလုပ်နိုင်ပါတယ်။ မှန်ကန်သောစာကြောင်းဘယ်လောက်ပြောနိုင်လဲဆိုတာ
သင်အံသြသွားပါလိမ့်မယ်။ phrases ၁၀၀၀လောက်သိ ရင်တော့ အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာပြောတတ်ပါပြီ။ ဒါကြောင့် words တွေကို လေ့လာရင် phrases တွေကို တစ်ခါတည်း လေ့လာသင့်ပါတယ်။ သင် အင်္ဂလိပ် စာကြောင်းတွေကို ပြုလုပ်ရာတွင် အင်္ဂလိပ်စာလုံးတိုင်းကို mother tongue ဖြင့် ဘာသာ ပြန်မိပါလိမ့်မည်။ စာကြောင်းတည်ဆောက်ရာတွင် ဘာ သာပြန်ခြင်းနှင့် english grammar rules တွေကိုတွေး တောခြင်းသည်..အင်္ဂလိပ်စာ စကားပြောလေ့ကျင့်သူများအတွက် ရှောင်ရှားရမည့် အချက်ဖြစ်ပါတယ်။

၃။ အင်္ဂလိပ်စာ ဖတ်ခြင်း နားထောင်ခြင်း ဖြင့် မလုံလောက်ပါ။ သင့်နားမှကြားသော အရာများကို ပြန်ပြောကြည့်ပါ။

ဖတ်ခြင်း ရေးခြင်း နားထောင်ခြင်း နှင့် ပြောခြင်းသည်ဘာသာစကားတိုင်းတွင် အရေးကြီးသော၏ အချက်များဖြစ်ပါတယ်။ဒီအချက်ထဲမှ ာ မှ စကားပြောခြင်းဟာပထမလိုအပ်ချက်ပါ။ကလေးတွေလိုပါပဲ။ သူတို့ဟာ၏စကားပြောနိုင်ဖို့ အရင်လေ့ကျင့်ကြပါတယ်။ စကားကျွမ်းကျင်စွာ ပြောတတ်တော့မှ ဖတ်ခြင်းနဲ့ရေးခြင်းကို လေ့ကျင့်ကြပါတယ်။ သဘာဝ အစီစဉ်အတိုင်းဆိုရင်တော့ နားထောင်ခြင်း ပြောခြင်း ဖတ်ခြင်းနှင့် ရေးခြင်းပါပဲ။ သို့သော် ကမ္ဘာပေါ်တွင်ရှိသောအင်္ဂလိပ်စကားပြော သင်ကျောင်းတိုင်းတွင် ဖတ်ခြင်းဖြင့်အစပြုပြီးရေးခြင်း နားထောင်ခြင်းနှင့် ပြောခြင်း ဖြင့် သင်ကြားနေသည်မှာ ထူးဆန်းသလို ဖြစ်မနေပေဘူးလား။ထူးဆန်းသလို ဖြစ်နေ ပါတယ်။ အဓီက အချက်ကတော့ သင်သည် ဘာသာစကား တစ်ခုကို ဒုတိယ ဘာသာစကားတစ်ခု အဖြစ် သင်ယူ တဲ့နေရာမှာ အသုံးအနှုန်းတွေကို နားလည်စေဖို့ အရင်ဦးဆုံး ဖတ်ရပါလိမ့်မယ်။သဘာဝ အစီအစဉ်အရနားထောင်
ခြင်း၊ ပြောခြင်း ဖတ်ခြင်း နှင့် ရေးခြင်းတို့ ဖြစ်သော် ငြားလည်း ဒုတိယဘာသာစကားအဖြစ် သင်ယူသူများအတွက် အစီအစဉ် ကတော့ ဖတ်ခြင်း နားထောင်ခြင်း ပြောခြင်းနှင့် ရေးခြင်းတို့ပါပဲ။
အင်္ဂလိပ်စာလေ့လာသူအများအပြားဟာအင်္ဂလိပ်စာကိုရေးနိုင် ကြပါတယ်.ဖတ်နိုင်ကြပါတယ်။ သို့သော် အင်္ဂလိပ်စကား ကျွမ်းကျင်ဖို့ အတွက် ကျွန်တော်တို့ဟာ ပြောတတ်ဖို့ လေ့ကျင့်ရပါလိမ့်မယ်။ နားထောင်ယုံမျှဖြင့် မလုံလောက်ပါ။ သင်နားထဲတွင် ကြားသောအရာများကို ပြန်ပြော
 လေ့ကျင့်ပေးရပါလိမ့်မယ်။ မည်သည့်အင်အားမှ စိုက်ထုတ်စရာမလိုပဲ ဦနှောက်နှင့် ပါးစပ်က အလိုအလျှောက်ပြောနိုင်ဖို့ သင့်နားမှကြားသော အရာများကို ပြန်ပြောခြင်းဖြင့် လေ့ကျင့်ပေးရပါလိမ့်မယ်။
ယခုအချက်ကို ပုံမှန်လေ့ကျင့်ပေးခြင်းအားဖြင့် အင်္ဂလိပ် စကားပြော ကို ကျွမ်းကျင်စွာ ပြောတတ်လာပါလိမ့်မယ်။

၄။ မိမိကိုယ်ကို လွှမ်းမိုးပါ။

ဘာသာစကားတစ်ခု ပြောနိုင်ခြင်း ဟာ သင် ဘယ်လောက် smart သလဲဆိုတာနဲ့ မပတ်သက်နေပါ။
မည်သူမဆို မည်သည့်စကားကို လွတ်လပ်စွာ သင်ယူနိုင် ပါတယ်။မည်သူမဆို အနည်းဆုံး ဘာသာစကားတစ်ခု ပြောတတ်ကြပါတယ်။သင် ညာဏ်ကာင်းကောင်း မကောင်း
ကောင်း ဘာသာစကားတစ်ခုတော့ ပြောနိုင်ပါတယ်။ သင့် ပတ်ဝန်းကျင်မျာ အင်္ဂလိပ်စကား ကောင်းမွန်စွာ
ပြောနိုင်သော သူများ ကို သတိထား ကောင်း သတိထားမိ မှာပါ။သူတို့ဟာ အင်္ဂလိပ်စကားပြော ကျောင်းကနေ လေ့လာခဲ့ကြလို့ပါပဲ။သူတို့သည် အင်္ဂလိပ်စကား ကို
ကောင်းမွန်စွာ ပြောနိုင်ကြပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ရဲ့ဘေးမှာ အင်္ဂလိပ်စကား ပြောတတ်သော သူများဖြင့် အဆက်မပြတ်ဝန်းရံနေကြလို့ပါပဲ။
သို့သော် အင်္ဂလိပ်စကားပြောသော နိုင်ငံများတွင် အလုပ်လုပ်နေသူများစွာရှိကြပါတယ်။ထိုသူတို့သည် အင်္ဂလိပ် စကားပြောကို တတ်ကောင်းချင်မှ တတ်ကောင်းပါလိမ့်မယ်။
ဘာကြောင့် မို့လဲဆိုတော့ ထိုသူများသည်မိမိနိုင်ငံမှ သူများ နှင့်တွေ့ပြီး အင်္ဂလိပ်စကား ကို မပြောကြတော့ပဲနဲ့ မိမိ၏ mother tongue ကိုသာ အသုံးများသောကြောင့် ဖြစ်ပါတယ်။
သင်အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောနိုင်ဖို့ ဘယ်ကိုမှ သွားစရာမလိုပါ။သင့်ဘေးမှာ အင်္ဂလိပ် စကား ပြောတတ်သော သူငယ်ချင်း တစ်ယောက်သာ လိုအပ်ပါတယ်။ အပြန်အလှန်ပြော
ပေးခြင်းဖြင့် အင်္ဂလိပ်စကားပြော တိုးတက်နိုင်ပါတယ်။ audio lesson များ နားထောင်ခြင်းအားဖြင့် listening ကို လေ့ကျင့်နိုင်ပါတယ်။ သင့်ပတ်ဝန်း ကျင်ကို အနည်းငယ် ပြောင်းလဲ ပေးရုံမျှဖြင့် အင်္ဂလိပ်
စကားပြောကို အဆပေါင်းများစွာ တိုးတက်လာသည်ကို သင်ဂရုပြုမိမှာပါ။

၅။မှန်ကန်သော အရာများကိုသာ လေ့လာပါ။

PRACTICE MAKES PERFECT တဲ့။မှန်ပါလိမ့်မယ်။ သော်..မှားယွင်းသော လေ့လာမှုကြီး ပြုလုပ်နေပါက
 မှားယွင်းသော ပြည့်စုံမှုကြီးသာ ဖြစ်နေပေလိမ့်မယ်။လူအများစုဟာ News တွေကို
လေ့လာ လေ့ရှိကြပါတယ်။ သို့သော်လည်း ထိုအထဲမှ သုံးနှုန်းသော အသုံးအနှုန်းများသည် နိုင်ငံရေး ဆန်လေ့ရှိကြပြီး တကယ်အပြင် လောကတွင် သိပ်ပြီး အသုံး မတည့်ပေ။သူတို့ ဘာပြောလဲ ဆိုတာတော့ နားလည်ဖို့အရေးကြီးပါလိမ့်မယ်။ဒါပေမဲ့ ဒါဟာ အခြေခံ အင်္ဂလိပ် ကို လေ့လာပြီး မှ နောက်တစ်ဆင့်လေ့လာရမည့် သင်ခန်းစာပါ။အင်္ဂလိပ်စကားပြောကို ဒုတိယ ဘာသာစကားအဖြစ် လေ့လာသူ အချင်းချင်း အနေနဲ့ကတော့ ကောင်းလည်း ကောင်းသလို ဆိုးလည်း ဆိုးပါတယ်။လေ့ကျင့်မှုကို အပြန်အလှန်ပေးတာတော့ ကောင်းပါတယ်။
ဆိုးတာက ဘယ်ဟာက အမှန်တကယ် သုံးရမယ်..ဘယ်ဟာက အမှန်တကယ်မသုံးရဘူးလဲဆိုတာကို သင်မသိရှိပဲနဲ့ မှားယွင်းစွာ လေ့ကျင့်သော လေ့ကျင့်မှုများပါပဲ။ထို့ကြောင့် မှန်ကန်သော အရာများ စကားစုများကို မှန်ကန်သော စာအုပ်များ မှ လေ့လာသင်ယူသင့်ပေသည်။ sentences တွေကို ပြောခြင်းဖြင့် လေ့လာခြင်း မပြုသင့်ပေ။ထို့ကြောင့် သင်မှန်ကန်သည်ဟု ထင်သော အသုံးများသော စကားစုများကို သာ လေ့လာသင့်ပေသည်။

Summary
These are the rules that will help you achieve your goal of speaking English fluently.

Ref:  Myanmar Network