ဒေါနယ်ထရမ့်၏ စကားများ
ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ ၂၅% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။
ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်ကစွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကိုဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချာတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။
ဘိုင်ပွတ် ပွတ်တယ်ဆိုတာ အလေလွင့်များတာရဲ့ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်က အချိန်၊ ငွေနဲ့လုပ်အားကို ဘယ်တော့မှ အလေ့လွင့်မခံနိုင်ဘူး။
လူအမှား(သို့) ကွန်ပျူတာ အမှားဆိုတာ အမြဲရှိတယ်။ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ဟိုတယ်ဖြစ်ဖြစ် ကုန်စုံဆိုင်ပဲဖြစ်ဖြစ် ပေးရမဲ့ငွေ တောင်းခံလွှာကို မျက်စိမှိတ်ပြီး မပေးချေသင့်ဘူး.။
ပစ္စည်းဝယ်တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်ကိစ္စအပေးအယူဖြစ်ဖြစ် တတ်နိုင်သမျှ စျေးဆစ်ပါ။ အကုန်အကျသက်သာဖို့ စျေးမဆစ်ရဲဘဲဟိတ်ဟန်တစ်ခွဲသားကြီးလုပ်နေတာဟာ သူငယ်နာမစင်တဲ့သဘောပဲ။
ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဂဏန်းသေးသေးကလေးကို ဂရုစိုက်ပါ.။ ရာခိုင်နှုန်းနဲ့တွက်ရင် ဒဿမမကအစ ဂရုစိုက်ပါ ။ ငွေဆိုရင် တစ်ကျပ် နှစ်ကျပ်က စတွက်ပါ။ မပြောပလောက်ဘူးထင်တဲ့ အဲ့ဒီအသေးအဖွဲ့လေးတွေစုလိုက်ရင် ဧရာမငွေပမာဏဖြစ်လာနိုင်ပါတယ်။
ကလေးတွေအတွက် ကျောင်းစရိတ်ကတော့ သူတို့မွေးတဲ့နေ့မှာ စလုပ်တာအကောင်းဆုံးပါပဲ. မမွေးခင်လုပ်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။ ပညာကောင်းကောင်းပေးမယ်ဆိုရ် ငွေနည်းနည်းနဲ့ မရပါဘူး။ သူတို့ရဲ့ ကျောင်းစရိတ်ကို အမြန်ဆုံးစပြီးစာရင်းဖွင့်ပါ။
အဝတ်စားဝတ်တဲ့နေရာမှာ လက်ရှိရာထူးအတွက် မဝတ်ပါနဲ့။ ကိုယ်လိုချင်တဲ့ရာထူးအတွက် ဝတ်ပါ။
ကျွန်တော်အချိန်ယူလေ့လာထားတဲ့ငွေရအောင် လုပ်နည်းနဲ့ လူရိုသေ ရှင်ရိုသေဖြစ်အောင်လုပ်နည်းတစ်ချို့ကတော့-
① အချိန်မှီရောက်ပါစေ အချိန်မှန်ဖို့ သိပ်အရေးကြိးပါတယ်။ နောက်ကျတဲ့လူတွေကိုသည်းမခံပါနဲ့။ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ လူတွေကိုလည်း သည်းမခံပါနဲ့။ကိုယ်ကိုယ်တိုင်နောက်ကျရင်လည်း အလားတူသဘောထားပါ။
② ကလေးတွေကျောင်းကပေးလိုက်တဲ့အိမ်စာလုပ်သလို၊ အိမ်မှာလုပ်စရာရှိတာလုပ်ပါ။ ကိုယ်ညံ့လို့ သူများတွေ ကိုယ့်အတွက် အချိန်ကုန်ရင် ဘယ်တော့မှ လူတွေလေးစားမှာမဟုတ်ဘူး။
③ လူတစ်ယောက်ချင်းအတွက် ခေါင်းထဲမှာ ကိုယ်ရေးဖိုင်တွဲတစ်ခုစီဖွင့်ထားပါ။ တွေ့ရမယ့်လူတွေကို မတွေ့ဘူးခင် သူတို့အကြောင်း သုတေသနလုပ်ထားပါ။သူတို့အလှူဒါနပြုခဲ့ကြတာကို ခင်ဗျားသိထား တယ်ဆိုရင် သူတို့ဝမ်းသာကြမှာပေါ့။ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းအကြောင်း ခင်ဗျားသိနေတယ်ဆိုရင် သူတို့ခင်ဗျားကို ဖြုံကြမှာပါ။
④ လူတွေရဲ့နာမည်ကို မေ့တာဟာ အဆိုးဆုံးပဲ ဘယ်တော့မှ မမေ့ပါနဲ့.။သူတို့အကြောင်း အသေးစိတ်ကလေးကိုလည်း မမေ့ပါနဲ့။ စကားပြောရင်ဒါလေးတွေ လိုသလိုညှပ်ပြောပါ။ လူဆိုတာ သူတို့နာမည်ကို သူများခေါ်တာကြားချင်ကြပါတယ်။ သူတို့အကြောင်းပြောတာနားထောင်ချင်ကြပါတယ်။
⑤ ရိုးသားပါ။ လူတော်တေ်ာများများဟာ လိမ်ပြောရင်ချက်ချင်းမုသာဝါဒအနံ့ရတယ်။ ရိုးသားခြင်းကိုလူတိုင်း လေးစားတယ်။ သူတို့ကြားချင်တာနဲ့ထပ်တူမညီတောင် ရိုးသားရင် လေးစားမှာ အသေချာပါပဲ။
⑥ လူတွေစကားပြောပါစေ။ နားထောင်ပါ။ အလုပ်အကြောင်း ဆွေးနွေးတဲ့နေရာမှာမြေထိုးစက် ဂေါ်ပြားချပြီး မောင်းသွင်းတာမျိုး ဘယ်တော့မှမလုပ်ပါနဲ့.နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ မလိုမချင်း အတွင်းအားတွေ ကိုသိမ်းထားပါ။
ဘယ်သူတွေ ခင်ဗျားအပေါ်ဘယ်လောက်သစ္စာရှိသလဲဆိုတာ စမ်းသပ်ချင်ရင် ခင်ဗျား မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့အချိန်ဟာ အကောင်းဆုံးပဲ။
လူတွေကို ဝေဖန်တာတော့ ရှောင်ရပါမယ်။ ချီးကျူးတာက ပိုကောင်းပါတယ်။ ရံခါမှာ ဝေဖန်တာထက် ဆိတ်ဆိတ်နေခြင်းက ပိုတန်ဖိုးရှိပါတယ်။
လက်ဆောင်ပေးရာမှာ လူတစ်ကာသုံးနေတဲ့ပစ္စည်းမျိုးကို အလွယ်တကူ ဝယ်မပေးပါနဲ့။ ထူးထူးဆန်းဆန်းလေးတွေ စိတ်ကူးပြီးပေးရတဲ့လူနဲ့လိုက်ဖက်တာမျိုးဆိုရင် သူအမြတ်တနိုးရှိနေပါ လိမ့်မယ်။
အောင်မြင်တဲ့လူဖြစ်ချင်ရင် အောင်မြင်တဲ့လူ စဉ်းစားသလို စဉ်းစားရပါလိမ့်မယ်. ကြိုးစားကြည့်ပါ။ အံသြစရာတွေ့ရပါလိမ့်မယ်။
▶ ကြီးကြီးကျယ်ကျယ်စဉ်းစားပါ။
▶ အမြင်ကြည်လင်အောင်လုပ်ပါ။
▶ ရူးသွပ်ပါ။
▶ စွဲလန်းပါ။
▶ ဘယ်တော့မှ အလျော့မပေးပါနဲ့။
▶ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ။

