( အောင်ခြင်းရှစ်ပါး ဂါထာတော် )
မာရံ ယက္ခံ ဂဇံ စောရံ ၊
စိဉ္စမာဏဉ္စ သစ္စကံ ၊
နာဂံ ဗကံ ဇိနော ဇိနိ ၊
ဟောတု မေ ဇယမင်္ဂလံ ။
-----------------------^^^--------------------------
အောင်ခြင်း(၈)ပါးဂါထာတော်အနက်
၁။ဘုရားကိုယှဥ်တု ပလ္လင်လုသောမာရ်နတ်၊
၂။ယမ်းပုံမီးကျ ဒေါသ ထောင်းထောင်း
ထသောအာဠာဝကဘီလူး၊
၃။အရက်အမျိုးမျိုးတိုက်ပြီးမြှောက်ပေး
ထားသော နာဠာဂီရိဆင်မိုက်ကြီး၊
၄။လက်ညှိုးတစ်ထောင်တွေ့မရှောင် သတ်ဖြတ်နေသည့် အင်္ဂုလိမာလ၊
၅။ဘုရားဂေါတမနှင့်မကင်းလေဟန်
ယုတ်ယုတ်မာမာစွတ်စွဲရက်သော
မိန်းမယုတ်ကြီး စိဉ္စမာန
၆။ဒိဌိ ဆရာများအားချိုးနှိမ်သကဲ့သို့
ဗုဒ္ဓကိုပါချိုးနှိမ်လိုသည့် ပရဗိုရ်သစ္စက၊
၇။ဒေါသကြီးမားထောင်လွှားမောက်မာ
နေသော နန္ဒေါ ပနန္ဒ နဂါးမင်း၊
၈။ဘုရားရှင်နှင့်ပင်တန်ခိုးပြိုင်
အနိုင်ကြီးလိုသော ဗက ဗြဟ္မာ ကြီး၊
တို့အားမေ တ္တာ တန်ခိုး၊ တရားတန်ခိုးဖြင့် အောင်နိုင်တော်မူခဲ့သော မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်တော်တို့ကြောင့်
ဘုရားတပည့်တော်တို့ ၏ ကိုယ်တွင်းကိုယ်ပ
ရှိ ဘေးရန်ဟူသမျှ
ပျက်ပျယ်ပါစေသတည်း။
ရန်မာန်ကင်းကင်းဖြင့်အောင်ခြင်းကြီး၊
အောင်ပါစေသတည်း။
ဤဂါထာတော်ကို နေ့စဥ်ရွတ်ဖတ်ပူဇော်ပါကဘေးရမ်အပေါင်းတို့ကိုအထူးအောင်မြင်နိုင်စွမ်းရှိခြင်း၊ဘေးရန်အန္တရာယ်အပေါင်းတို့ကို
နိုမ်းနင်းအောင်မြင်ခြင်း ၊
လောကီလောကုတ္တရာ(၂)ဖြာသောအကျိုးစီးပွားကိုပေးစွမ်းနိုင်သည်။
စုန်း၊နတ်၊မိစ္ဆာ စသောအမှောင်ပယောဂများကိုလည်း နှိမ်နင်းနိုင်စွမ်းရှိပါသည်။
------------------^^^------------------------
ဆုတောင်း
------------
မြတ်စွာဘုရားသည်-
၁။မာရ်နတ်သား
၂။အာဠာဝကဘီလူး
၃။နာဠာဂီရိဆင်
၄။အင်္ဂုလိမာလ
၅။စဉ္စမာနမိန်းမယုတ်
၆။သစ္စကပရဗိုရ်
၇။နန္ဒေါ ပနန္ဒနဂါးမင်း
၈။ဗကဗြဟ္မာကြီးတို့ကို
အောင်တော်မူသည်။
ဤမှန်သောသစ္စာစကားကြောင့်ကျွန်ုပ်အား
အောင်ခြင်းမင်္ဂလာအဖြာဖြာသည်မုချမသွေဖြစ်ပါစေသတည်း။
💠အောင်ခြင်းရှစ်ပါး 💠
➖➖➖➖➖➖➖➖➖➖
မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။
ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။
၁။ မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ဝဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။
၂။ ယက္ခံ=စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာ၀ကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။
၃။ ဂဇံ=ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေ၀ဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။
၄။ စောရံ=သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်၀ယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီးကိုလည်းကောင်း။
၅။ စိဉ္စမာနဉ္စ=ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်၀န်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣနြေ္ဒနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။
၆။ သစ္စကံ=ဝါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။
၇။ နာဂံ=လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။
၈။ ဗကံ=သဿ တဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿ ရာ ဗြဟ္မာခပင်း တုံ့၀ပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကိုလည်းကောင်း။
အဇိနိ=တန်ခိုးဉာဏ်ရှိန် ၀ရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။
တံ တေဇသာ=ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်း၀င်းတေဇော် အာနုဘော်ဖြင့်။
မေ=အကျွန်ုပ်အား။
ဇယျမင်္ဂလံ=ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။
ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။