Verb မှာ Helping Verb(သို့) Auxiliary Verb လို့ခေါ်တဲ့ အကူကြိယာ ၄မျိုးရှိပါတယ်။


 Helping Verb 4 မျိုး
---------------------

                             Present Past

Verb to Do do,does,eat did,ate

Verb to Be am,is,are was,were

Verb to Have have,has had
- - - - - - - - - - - - - - - - - - - - - - - - - -
Modal Verb Can Could
                              Shall Should
                              Will Would
                               May Might
                          Must/have to

💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡

ရှင်းပြမယ်နော။အင်္ဂလ်ိပ်စာမှာ

 Subject (ပြုလုပ်သူ) ၊ ကတ္တား
 Verb(ကြိယာ) ၊ ကြိယာ
Object(ပြုလုပ်ခြင်းကို ခံရသူ) ကံ

ဆိုပြီးရှိပါတယ်။အတိုမှတ်ထားပါ။ ( S V O ) ဆိုပြီးတော့ပေါ့။အဲဒီ S+V+O သိရင် စကားပြောလို့ရပြီ/စာရေးလို့ရပြီ။အောက်မှာ အသေးစိတ် ရှင်းပြထားတယ်။

Verb to Do ပြုလုပ်ဆောင်ရွက်ပုံကိုဖော်ပြ
--------------------------------------

Verb to Do ကို အခုပစ္စုပ္ပန်Present အတွက်ပြောမယ်ဆို Subject က အများ(I,we,you,they,students) ဖြစ်နေရင် do,eat,go,cook,buy,sleep ကို သုံးပြီး Subject က အနည်း(He,She,It,student) ဖြစ်နေရင် does,eats,goes, cooks, buys, sleeps ကိုသုံးပါတယ်။Subject က အနည်းဖြစ်နေရင် Verbမှာ *s* ထည့်ပြီးသုံးရပါတယ်။Verb to do ဆိုတာ do does did တစ်ခုတည်းကိုပဲ ပြောတာ မဟုတ်ပဲ eat,sleep,love, hate .......စသဖြင့် ကျန်တဲ့ Verb တွေကိုလည်း ပြောခြင်းဖြစ်ပါတယ်။

did,ate,went,cooked,bought,slept တွေက V2 အတိတ် past tense ပါ။အတိတ် past tense ကျတော့ Subject အနည်းဖြစ်ဖြစ် အများဖြစ်ဖြစ် V2 အတိုင်းရေးရုံပါပဲ။ *s* ထည့်စရာမလိုပါဘူး။

I eat rice.(S+V to do+O) ငါထမင်းစားတယ်။(Subject အများ I ဖြစ်လို့Verb က ဒီတိုင်း V1ပဲ)

He eats rice.(S+V to do+O) သူထမင်းစားတယ်။
(Subject အနည်း He ဖြစ်လို့Verb က V1sပါ)

Past Tense အတိတ်နဲ့ကျတော့ Subjectအနည်းဖြစ်ဖြစ်အများဖြစ်ဖြစ် ဒီတိုင်း V2 ပဲ။

I ate rice. (S+V2+O) ငါထမင်းစားခဲ့တယ်။
He ate rice.(S+V2+O) သူထမင်းစားခဲ့တယ်။

💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡

Verb to Be ( ဖြစ်ပျက်ပုံကို ဖော်ပြ)
----------------------------------

Verb to Be ကို အခုပစ္စုပ္ပန်Present အတွက်ပြောမယ်ဆို Subject က အများ(we,you,they,students) ဖြစ်နေရင် are ကို သုံးပြီး Subject က အနည်း ဖြစ်နေရင်(I က am) (he,she,it,a student က is) ကိုသုံးပါတယ်။

အတိတ် past tense ကျတော့ Subject အများ(we,you,they,students) အတွက်ဆို were ကို သုံးပြီး Subject အနည်း (I,He,She,It,a student) အတွက်ဆို was ကို သုံးပါတယ်။

We are eating rice.(S+V to be+O) ငါတို့ထမင်းစားနေတယ်။
Subject က အများ we ဖြစ်လို့are သုံးတယ်။

I am eating rice.(S+V to be+O) ငါထမင်းစားနေတယ်။
Subject က အနည်း I ဖြစ်လို့am သုံးတယ်။

Past Tense အတိတ်နဲ့ကျတော့ Subjectအနည်းဆိုရင် was ၊ Subject အများဆိုရင် were သုံးရပါတယ်။

We were eating rice.ငါတို့ထမင်းစားနေခဲ့တယ်။
I was eating rice.ငါထမင်းစားနေခဲ့တယ်။

💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡

Verb to Have (ပိုင်ဆိုင်ပုံကို ဖော်ပြ)
----------------------------------

Verb to Have ကို အခုပစ္စုပ္ပန်Present အတွက်ပြောမယ်ဆို Subject က အများ(I,we,you,they,students) ဖြစ်နေရင် have ကို သုံးပြီး Subject က အနည်း(He,She,It,a student) ဖြစ်နေရင် has ကိုသုံးပါတယ်။ 

*had * က Verb to haveရဲ ့V2 အတိတ် past tense ပါ။အတိတ် past tense ကျတော့ Subject အနည်းဖြစ်ဖြစ် အများဖြစ်ဖြစ် *had* ကို ဒီအတိုင်းရေးရုံပါပဲ။

I have a car.(S+V to have+O) ငါ့မှာ ကားတစ်စီး ရှိတယ်။
Subject က အများ I ဖြစ်လို့have သုံးတယ်။

She has a car.(S+V to have+O) သူမမှာ ကားတစ်စီး ရှိတယ်။
Subjectက အနည်းSheဖြစ်လို့has သုံးတယ်။

Past Tense အတိတ်နဲ့ကျတော့ Subjectအနည်းဖြစ်ဖြစ် အများဖြစ်ဖြစ် ဒီတိုင်း had ပဲ။

I had a car. ငါ့မှာ ကားတစ်စီး ရှိခဲ့တယ်။      
She had a car. သူမမှာ ကားတစ်စီး ရှိခဲ့တယ်။

💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡

Modal Verb
-------------

Modal Verb Can(နိုင်သည်)
Could(နိုင်ခဲ့သည်)
Shall(လိမ့်မည်)
Should(သင့်သည်)
Will(လိမ့်မည်)
Would(ခဲ့လိမ့်မည်)
May(ဖြစ်နိုင်သည်)
Might (ဖြစ်ခဲ့နိုင်သည်)
Must/Have to(ရမည်/ရသည်)

Modal Verbတို့နဲ့ကျတော့ Subject အများ (I,we,you,they,students) ပဲဖြစ်ဖြစ် ၊ Subject အနည်း(He,She,It,a student) ပဲ ဖြစ်ဖြစ် ဒီတိုင်း ပုံသေ can,could,shall, should......etc ပဲ သုံးပါတယ်။

(ဥပမာပါ ကြည့်ပါ)
I can,She can
We can,it can
You must,she must
I should,it should
They could,he could

ဒီ Modal Verb Can,Could,Shall,Should .....etc စတာတွေရဲ ့နောက်မှာ (အမြဲတမ်းပုံသေ V1) ပဲ လိုက်တယ်ဆိုတာကိုလည်း မှတ်ထားပါအုံးနော်။ s လည်းမထည့်ရဘူး။V2 လည်း လိုက်လို့မရဘူး။ပုံသေ V1 ပဲ လိုက်တယ်။

ဥပမာ။ ။ 

I will go.ငါသွားလိမ့်မယ်။ (go က V1)
You should do.မင်းလုပ်သင့်တယ်။(do က V1)
She must eat.သူမ စားရမယ်။(eat က V1)
He may come.သူလာရင် လာနိုင်တယ်။(come က V1)

💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡

သင်ခန်းစာကတော့ ဒါလေးပါပဲ။အနှစ်ချုပ်ပြောပါမယ်။အောက်မှာပေးထားတဲ့ အချက် ၄ချက် ကို ရအောင် လုပ်ရင် သင်ခန်းစာ နောက်တစ်ဆင့် ထပ်တက်လို့ရပါပြီ။

Helping Verb 4 မျိုးရှိပါတယ်။

(1) Verb to do/be/have သုံးမျိုးလုံးရဲ ့present နဲ ့past အသုံးအနှုန်းကို လုံးဝကျွမ်းအောင် လေ့ကျင့်ပါ။

                             Present Past

Verb to Do do,does,eat did,eat

Verb to Be am,is,are was,were

Verb to Have have,has had

(2) I,we,you,they,students စတဲ့ Subject အများ ၊ He,she,it,student စတဲ့ Subject အနည်းတို့နဲ့(Verb to do/be/have)တွေမှာ တွဲသုံးပုံကို လုံးဝကျွမ်းအောင် လေ့ကျင့်ပါ။Verb to be မှာက ခြွင်းချက်အနေနဲ့I က အနည်းပါ။

We eat,they buy,I cut,students go,you know
She eats,he buys,he cuts,a student goes,he knows

We are,they are,you are
I am,she is,he is,it is

I have,we have,they have,you have
He has,she has,it has

(3) Modal Verb တွေဖြစ်တဲ့ can,could,shall,should.........စတာတွေရဲ ့မြန်မာလို အဓိပ္ပါယ်ကို သိအောင် ကျွမ်းနေအောင်လေ့ကျင့်ပါ။ဥပမာ should ဆိုရင် *သင့်တယ် * ။ must နဲ့have to ဆိုရင် *ရမယ်* ။အဲဒီ Modal Verb တွေရဲ ့နောက်မှာ ထာ၀ရ ပုံသေ ရိုးရိုးV1 ပဲလိုက်တယ် ဆိုတာကို မှတ်ထားပါ။

I will go.ငါသွားလိမ့်မယ်။ (will က Modal ၊ သူ့နောက်က go က V1)
You should do.မင်းလုပ်သင့်တယ်။(should က Modal ၊ သူ့နောက်က do က V1)