#ပစ္စုပ္ပန်မှာပဲနေပါ
လူသားတစ်ယောက်ဖြစ်တည် လာတာနဲ့ လူဟာ မသိခြင်း တွေနဲ့ ကြီးပြင်းလာကြပါတယ်။
သိတာဆိုလို့လည်း ပစ္စုပ္ပန်မှာကြုံရ ဆုံရ မြင်ရ တွေ့ရ ကြားရ ရှုရှိုက်ရ ထိတွေ့ရ ခံစားရ လို့သာ သိတယ်ဆိုတာကို သိလာရတာဖြစ်ပါတယ်။
ဒီအသိတွေကို ကြုံဖူးလို့ဖြစ်စေ၊ ဖတ်မှတ်လေ့လာလို့ဖြစ်စေ၊ ကြားဖူးနားဝကြောင့်ဖြစ်စေ တွေးတောကြံဆမှုကြောင့်ဖြစ်စေ များပြားအောင်ကျင့်ကြံနိုင်ကြပါတယ်။
သို့သော် လူသတ္တဝါတွေဟာ မသိခြင်း ငါးပါးနဲ့ အသက်ရှင်နေကြတာဖြစ်ပါတယ်။
မြတ်ဗုဒ္ဓမြွက်ကြားထားတဲ့ တရားတော်အရတော့ လူဟာ
++++++++++++++++
၁။ ဇိဝိတ ၊ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး ။
၂။ ဗျာဓိ ၊ ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၃။ ကာလ ၊ သေရမယ့် အချိန်ကိုလည်း မသိနိုင်ကြဘူး ။
၄။ ဒေဟနိက္ခေပန ၊ သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၅။ ဂတိ ။ သေလွန်ပြီးနောက် ဘယ်ဘ၀ကို လားရောက်ရမယ် ၊ ဘယ်ဂတိကို သွားရမယ်ဆိုတာလည်း ကြိုပြီးတော့ မသိနိုင်ကြဘူး ။
+++++++++++++++++++++++++++++[
ဆိုပြီး လူသားတစ်ယောက်မသိနိုင်တဲ့ တရား၅ပါးကို သိရှိရပါတယ်။
ဒါကြောင့် မသိနိုင်တာကို သိဖို့ကြိုးစားတာဟာ တစ်ခါတစ်ရံမှာ မိမိရဲ့အကျိုးရှိတဲ့ ပစ္စုပ္ပန်ကျင့်ကြံ ကြိုးကုတ်ချိန်ကို အလဟသ ဖြစ်စေတတ်တာကြောင့် ပစ္စုပ္ပန်မှာပဲ နေပြီး အသိဥာဏ်ရင့်ကျက်အောင်နေကြပါ
တရားဆိုတာ ခန္ဓာမှာသာရှိသဖြင့် ခန္ဓာ့ရဲ့ဖြစ်ပျက်သဘောကို သတိမလွှတ်အောင် ဝီရိယကောင်းကောင်းဖြင့် မပြတ်ကျင့်ကြံရင်း အကုသိုလ်ကင်း အဝိဇ္ဇာခွင်းနိုင်သော ပစ္စုပ္ပန်မှာ ရှင်သန်နိုင်ကြပါစေ

