၁။       ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ်ဟာ ဘာမြစ်လဲ?

အဖြေ - နိုင်းမြစ် (Ethiopia, Sudan, Egypt, Uganda, Congo-Kinshasa, Kenya, Tanzania, Rwanda, Burundi, South Sudan, Eritrea စတဲ့ နိုင်ငံများကို ဖြတ်သန်း သွားပြီး ၄၂၅၆ မိုင်ခန့် ရှည်လျားပါတယ်)

 

၂။       နိုဘယ်လ်ဆုဟာ ဘယ်ကဏ္ဍတွေမှာ ချီးမြင့်သလဲ?

အဖြေ - ငြိမ်းချမ်းရေး၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဆေးပညာနဲ့ စာပေဖန်တီးမှု့တွေထဲက ထူးချွန်သူတွေအပေါ် ဆွီဒင်အစိုးရမှ ရွေးချယ်ချီးမြင့်ပေးခြင်းဖြစ်ပါတယ်။

 

၃။       လက်ရှိကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟာ ဘယ်သူလဲ၊ ဘယ်နိုင်ငံသားလဲ?

အဖြေ -

 

၄။       လျှပ်စစ်သံလိုက်စက်ကွင်းကို တွေ့ရှိခဲ့သူဟာ ဘယ်သူလဲ?

အဖြေ - ဖာရာဒေး (Faraday)

 

၅။       ရေခဲသေတ္တာတွေမှာ အေးမြစေဖို့ သုံးတဲ့ဓါတ်ငွေ့ဟာ ဘာဓါတ်ငွေ့လဲ?

အဖြေ - အမိုးနီးယား (Ammonia)

 

၆။       ကမ္ဘာပေါ်မှာ အကြီးဆုံး သမုဒ္ဒရာက ဘာလဲ?

အဖြေ - ပစိဖိတ်သမုဒ္ဒရာ (168,723,000 sq km)

 

၇။       မခုန်နိုင်သော တစ်ခုတည်းသော နို့တိုက်သတ္တဝါက?

အဖြေ - ဆင်

 

၈။       အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဘယ်နှစ်နှစ်တစ်ကြိမ် ကျင်းပသလဲ?

အဖြေ - ၄ နှစ်တစ်ကြိမ်

 

၉။       ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ဧဝရတ်တောင်ဟာ မည်သည့်နိုင်ငံမှာ တည်ရှိလဲ?

အဖြေ - နီပေါနိုင်ငံနဲ့ တိဘက်ဒေသ နယ်စပ်မှာ တည်ရှိတယ်။

 

၁၀။    Vitamin C ရဲ့ အခြားနာမည်တစ်ခုက?

အဖြေ - Ascorbic acid