မူးယစ်ဆေးဝါးဆိုသည်မှာအဘယ်နည်း။
မူးယစ်ဆေးဝါးဆိုသည်မှာ အရက်၊ဆေးလိပ်၊ဆေးခြောက်၊ဘိန်းဖြူ
၊ဆေးပြားစသည်တို့ကိုခေါ်ဆိုပါသည်။
မူးယစ်ဆေးဝါးအမျိုးအစားများမှာယေဘုယျအားဖြစ် အရည်၊အခဲ၊အမှုန့်အနေဖြင့်ရှိသည်။ အရည်ကိုသောက်သုံးခြင်း၊အကြောထဲသို့ထိုးသွင်းခြင်း၊အမှုန့်ကိုရှုရှိုက်ခြင်း၊အခဲကိုသောက်သုံးခြင်းတို့ဖြစ်သည်။။
သုံးစွဲခြင်းအကြောင်းရင်းများ
• စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်း
• အပေါင်းအသင်း ဆွဲဆောင်မှုကြောင့် သုံးခြင်း
• မူးယစ်ဆေးစွဲသူ အပေါင်းအသင်းဆန္ဒကို မလွန်ဆန်နိုင်ခြင်း၊ အထင်ကြီးအားကျမိခြင်း၊
• အသိုင်းအဝိုင်းမှ ခွဲထုတ်ရန် ခက်ခဲခြင်း၊
• မူးယစ်ဆေးဝါးအကြောင်း ဗဟုသုတနည်းပါးခြင်း၊
• စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဆေးဝါးအဖြစ် သုံးစွဲရာမှ ဆက်လက်သုံးစွဲမိခြင်း၊
• ပင်ကိုယ်ဗီဇနှင့် ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းခြင်းကြောင့် သုံးစွဲခြင်း
• လူမှုရေးပြဿနာတစ်ခုခုကြောင့် သုံးစွဲခြင်း၊
• မိသားစုအတွင်း ဆက်ဆံရေးမပြေလည်ခြင်း၊
မူးယစ်ဆေးဝါးဆိုးကျိုးများ
♦ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု
• စိတ်ကျရောဂါဖြစ်ခြင်း
• မိမိကိုယ်ကို သေကြောင်းကြံခြင်း
• မှတ်Óဏ်ချို့ယွင်းခြင်း
• မိမိ မိသားစုနှင့် မိမိလုပ်ငန်းအပေါ်စိတ်ဝင်စားမှုနည်းလာခြင်း
• အာရုံစူးစိုက်နိုင်မှု လျော့ပါးလာခြင်း
• ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း
♦ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု
• ဗှီု ခေါ် ခုခံအားကျဆင်းမှုကူးစက်ရောဂါဖြစ်ခြင်း
• ဆေးလွန်သဖြင့် မိန်းမောစွာအိပ်ပျော်ခြင်း၊ သတိလစ်မေ့မျောသွားခြင်း၊ အခန့်မသင့်လျှင် အသက်ဆုံးရှုံးရခြင်း
• ထုံနာကျဉ်နာ၊ အကြောသေရောဂါဖြစ်ခြင်း
• ဝက်ရူးပြန်တတ်ခြင်း
• နှလုံးရောဂါဖြစ်ခြင်း (ဥပမာ- နှလုံးအားနည်းရောဂါ)
• အဆုတ်ရောင်ရောဂါဖြစ်ဖြင်း (ဥပမာ- တီဘီရောဂါ)
• ဆေးထိုးအပ်တစ်ခုတည်းကို ဝေမျှသုံးစွဲခြင်းကြောင့် အိပ်ခ်ျအိုင်ဗွီနှင့် အသည်းရောင်အသားဝါဘီနှင့် စီရောဂါ အပါအဝင်
သွေးမှတစ်ဆင့် ကူးစက်သောရောဂါများဖြစ်ပေါ်ခြင်း
• သွေးကြောပိတ်ရောဂါဖြစ်ခြင်း
• ခန္ဓာကိုယ်အနှံ့အပြားတွင် အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်း
♦ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှု
• မူးယစ်ဥပဒေအရအရေးယူခံရခြင်း၊
• ပတ်ဝန်းကျင်၌သိက္ခာကျဆင်းခြင်း၊
• မိသားစုအတွင်း ဆက်ဆံရေးတွင် အဆင်မပြေခြင်း၊ မိသားစုများစိတ်ဆင်းရဲရခြင်း၊
• ရာဇဝတ်မှုမကင်းသည့် အပြုအမူများ ပြုလုပ်တတ်လာခြင်း၊
• မူးယစ်ဆေးစွဲမှုသည် ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းတွင် အလွယ်တကူ ပြန့်ပွားနိုင်သည့် အန္တရာယ်ရှိခြင်း၊
M.T



