Bajrangi Bhaijaan (2015)
=================================
Rating ကလည်း 8.2 ရရှိထားပြီး အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြား၀င်ငွေဒုတိယဖြစ်ထားတာကြောင့် လက်မလွတ်သင့်လှတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။
ဇာတ်လမ်းအကျဉ်း
အိန္ဒိယနိုင်ငံဒေလီမြို့မှာတော့ ပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပ၀န်(ဆလက်မန်ခန်း)ဟာလည်းပါ၀င်ဆင်နွှဲပြီး စားသောက်ဖွယ်ရာတွေကို မြိန်မြိန်စားနေသည်။ ထိုအချိန်၌ ပ၀န်သတိထားမိသည်က သူ့အားစိုက်ကြည့်နေသော ၆နှစ်အရွယ်ကလေးမ။ ပ၀န်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကို အစားအစာတွေကျွေးမွေးခဲ့တယ်။
ပ၀န်အိမ်ပြန်တော့လည်း ကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့သည်။ ဒီလိုနဲ့နာမည်လည်းမေးမရစကားလည်း မပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပ၀န်ဟာ သူ့ယောက္ခမဆီခေါ်လာခဲ့တော့သည်။
ပ၀န်ဟာကလေးမလေးရဲ့ နေရပ်လည်းမသိ သူ့မိဘလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။ ကလေးမလေးကိုတော့ မူနီလို့အမည်မှည့်ပေးခဲ့သည်။
တစ်နေ့မှာတော့ ဖန်သားပြင်ထက်ကခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင် ကစားနေခဲ့ကြသည်။ အိန္ဒိယအမှတ်သာလျှင် မူနီလေးမှာမပျော်၍ ပါကစ္စတန်နိုင်လျှင် ၀မ်းသာလျက်ရှိနေသည်။
ထိုအချိန်အခါ၌ အိန္ဒိယနဲ့ပါကစ္စတန်တို့သည် စစ်ရေးအရ တစ်ဖက်နဲ့တစ်ဖက်မတည့်ကြချေ။ ပ၀န်တို့မိသားစုတို့ကလည်း ဘာသာရေးအရ ဘုန်းကြီးမျိုးနွယ်၀င်ဖြစ်၍ မူနီအားလက်မခံသင့်ကြောင်း၊ ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပ၀န်ကို တိုက်တွန်းခဲ့ကြသည်...
ပ၀န်ဟာ ပါကစ္စတန်သံရုံးထံသွားရောက်ပို့ခဲ့သော်လည်း ထိုအချိန်၌ သံရုံးအားအိန္ဒိယနိုင်ငံသားတို့ဆန္ဒပြစဉ်နဲ့ ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်သံရုံးရဲ့ စာရင်းသမားလေးနဲ့တွေ့ခဲ့ပြီး မှောင်ခိုလမ်းမှပြန်ပို့ရန် ပ၀န်အားအကြံပြုခဲ့သည်။
ပ၀န်ဟာလည်း ယုံစားမိပြီး မူနီအားချန်ထားခဲ့လေသည်။ လမ်းတစ်၀က်မှာတော့ ကစားစရာ၀ယ်ရင်း မူနီအားပေးရန်ပြန်အလှည့်မှာတော့ မူနီလေးရောင်းစားခံရမှန်းသိခဲ့ရသည်...
အဲ့ဒီနောက်မှာတော့ ပ၀န်ဟာ ပါကစ္စတန်သွားရောက်ပြီး မူနီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်တော့သည်။
တကယ်တမ်းတော့ ဇာတ်ကားလေးဟာ အညွှန်းနဲ့ အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့ မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။
ပ၀န်တစ်ယောက်ပါ ကစ္စတန်နိုင်ငံတွင်း ၀င်ရောက်ခဲ့ပုံ၊ မိဘရှာတော်ပုံတွေနဲ့အတူ မူနီလေးတစ်ယောက်သူ့မိဘနဲ့ ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကလည်း ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။
ပ၀န်ရဲ့ ဘ၀နဲ့ အချစ်ရေးသာမက စိတ်ထားမြင်မြတ်မှုတွေကလည်း အတုယူစရာကောင်းလှပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ပ၀န်တစ်ယောက်ရဲ့ ကရုဏာကြီးမားမှုတွေ၊ ပါကစ္စတန်နိုင်ငံသို့ ၀င်ရောက်ဖြတ်သန်းမှုတွေ၊ သွေးသားမတော်စပ်သူတစ်ဦးအတွက်
ဒုက္ခပေါင်းများစွာ ဖြတ်သန်းခဲ့ပုံတွေကတော့ မျက်ရည်မခိုင်သူအဖို့ ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။
ဒါ့ပြင် အမြင်မတူ အသွင်မတူ ဘာသာမတူ နိုင်ငံသားချင်းမတူကြပေမဲ့ မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကို ဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။

