3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇတ်ကောင်များ အတိုင်း ပရိတ်သက်ကို အတွေးသစ်အမြင်သစ် နှင့် အခြားစိတ်ဓါတ် မြင့်တင်ရေး ပုံစံသစ်ဖြင့် ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…

မိဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတို့အပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ်

လမ်းမှားမသွားအောင် လို့ ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မိဘ တော်တော်များများကတော့

သားသမီး တွေကို ပညာတက် ဖြစ်စေချင်ပြီး ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ဖြစ်စေချင်တဲ့ စိတ်က

အားလုံး ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ကလေးတွေကရော သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို

မမေးမိကြပါဘူး သိလဲ မသိချင်ကြသလို စိတ်မဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ

မိဘ တွေ ဖြစ်စေချင်တဲ့ စီးပွားရေး သမား အစိုးရ ဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ

အဖြစ် ရပ်တည်လာကြရတယ် ဒါပေမယ့် သူတို့ ဆီမှာ တစ်ခြားတစ်ဖက်မှာ ထူးချွန်နိုင်တဲ့ ပညာ

အရည်အချင်းတွေ ရှိနေခဲ့တယ်….


ဒီ ရုပ်ရှင်လေးမှာ ‪#‎ရန်ချို‬ ‪#‎ဖာရ်ဟန်း‬ ‪#‎ရာဂျူး‬ ဆိုတဲ့ အင်ဂျင်နီယာ ကျောင်းက သူငယ်ချင်း

၃ ယောက်အကြောင်း ရိုက်ကူးထားတာပါ…


အဆောင် အတူနေတဲ့ အခါ ဘယ်ကလာမှန်းမသိ ဘယ်လိုလူမှန်းမသိ လူထူးလူဆန်း ဖြစ်နေတဲ့

ရန်ချို…


လေဖြတ်နေတဲ့ အဖေ ကို ပင်စင်လစာ လေး တစ်ပဲခြောက်ပြား နှင့် ဆေးကုနေရင်း အမေဖြစ်သူ

ချာပါတီ ရောင်းပြီး ရတဲ့ ပိုက်ဆံ နဲ့ ကျောင်းလခ ပေးရင်း ချို့တဲ့စွာ စာသင်ယူနေရတဲ့ ရာဂျူး…


ငယ်စဉ်ကတည်းက ဖခင် ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်အောင် စကားနားထောင်ပြီး

မိဘစကား တစ်ခါမှ မလွန်ဆန်ပဲ ရိုးရိုးကုတ်ကုတ် စာကျိုးစားတက်သူ ဖာရ်ဟန်း…


အင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြားဖို့ ရက်စက်ပြီး

စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး ရဲ့ လက်အောက်မှာ

အငြိမ် မနေပဲ ဟာသ တွေ ပေါက်တက်ကရတွေ ပြောင်ချော်ချော် အကွက်တွေ နဲ့ လူတိုင်းရဲ့

စိတ်ဝင်စားမှု ကို ရအောင် ယူနိုင်တဲ့ ရန်ချို နှင့် ရန်ချို နှင့် ပေါင်းမိလို့ ဒုက္ခပေးခံရတဲ့ သူငယ်ချင်း

နှစ်ဦး…


ပျော်ရွှင်စရာ ဝမ်းနည်းစရာ အဖြစ်အပျက်ပေါင်းစုံ နှင့် ကျောင်းတော်ကြီး ရဲ့ ရနံ့ပေါင်းစုံ

ကျောင်းသားဘ၀ ပျော်စရာ စိတ်ညစ်စရာများ နှင့် တစ်နေရာထဲတွင် ငြိမ်မနေပဲ တီထွင်ဆန်းသစ်

ဖို့အတွက် သင်ပေးခဲ့သော ရုပ်ရှင် ဆိုလဲ မမှားပါဘူး ဇတ်လမ်း အညွှန်းကိုတော့ သိပ်မပြောလို

ပါဘူး ဘာကြောင့်လဲ ဆိုတော့ ငတုံး ၃ ကောင် နာမည်ကြီး ရုပ်ရှင်ဇတ်ကားကို မကြည့်ဖူးသေးတာ

ဆိုရင် သင်ရုပ်ရှင်ကြည့်တာ သိပ်မကြာသေးဘူးလို့ ထင်ရပါတယ်…

ဒီ ရုပ်ရှင် တစ်ခုလုံးမှာ သာယာလှပသော နေရာများ နှင့် သာယာနာပျော်ဖွယ် တေးဂီတ ပေါင်းစုံ

ရောယှက်ပေါင်းစည်းထားပြီး ကြည့်ရှုသူကို နောင်တမရစေတဲ့ ဇတ်ကားကောင်းတစ်ခုဆိုတာ

ကျနော် ညွှန်းဆိုလိုက်ပါရစေ……။